မိုင္​းဖုန္​းဆရာ​ေတာ္​ ပဲခူး​ေရႊ​ေမာ္​​ေဓာ​ေစတီျမတ္​အား ဖူး​ေျမွာ္ၾကည္​ည္ို

284

မိုင္​းဖုန္​းဆရာ​ေတာ္​ ပဲခူး​ေရႊ​ေမာ္​​ေဓာ​ေစတီျမတ္​အား ဖူး​ေျမွာ္ၾကည္​ည္ို

ပဲခူး ႏိုဝင္​ဘာ ၁၈

ပဲခူး ေရႊ​ေမာ္​​ေဓာ ​ေစတီ​ေတာ္​ျမတ္​ႀကီးကို ယမန္ေန႔ (ႏိုဝင္​ဘာ ၁၇ရက္​​) ည​ေနပိုင္​းက မိုင္​းဖုန္​းဆရာ​ေတာ္​ႀကီး ဝင္​​ေရာက္​ဖူး​ေျမွာ္ၾကည္​ညိဳခဲ့​သည္​။

ယင္​းသို႔ဆရာႀကီးဝင္​​ေရာက္​ဖူး​ေျမွာ္စဥ္​ ပဲခူးျမိဳ႕ေတာ္သူျမို႕ေတာ္သားတို႕မွ ဆရာေတာ္ၾကီးကို အားရရႊင္လန္းစြာ ဖူးေျမွာ္ၾကည္ညိုၾကၿပီး အလွဴေငြမ်ားထည့္ဝင္လွဴဒါန္းၾကရာ အလွဴေတာ္ေငြ(၃၃) သိန္းက်ပ္ရရွိျပီး ဆရာေတာ္ႀကီးမွ အလွဴရွင္မ်ားလွဴဒါန္းသည့္ေငြအျပင္ ၎၏ လွဴဒါန္းေငြ ၅ သိန္းက်ပ္ပါ ထည့္ဝင္လ်က္​ စုစုေပါင္း ၃၈ သိန္းက်ပ္ကို ေစတီေတာ္ႀကီး ေရႊသကၤန္းကပ္လွဴပူေဇာ္ရန္ လွဴဒါန္းခဲ႕
​ေၾကာင္​း သိရသည္။

By – ျမတ္​ဟိန္​း​ေက်ာ္​(​ေကာ့မွဴး)
MUNA

Photo – Shaw MawDaw

(Unicode)

ပဲခူး နိုဝင်ဘာ ၁၈

ပဲခူး ရွှေမော်ဓော စေတီတော်မြတ်ကြီးကို ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်) ညနေပိုင်းက မိုင်းဖုန်းဆရာတော်ကြီး ဝင်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။


ယင်းသို့ဆရာကြီးဝင်ရောက်ဖူးမြှော်စဉ် ပဲခူးမြို့တော်သူမြို့တော်သားတို့မှ ဆရာတော်ကြီးကို အားရရွှင်လန်းစွာ ဖူးမြှော်ကြည်ညိုကြပြီး အလှူငွေများထည့်ဝင်လှူဒါန်းကြရာ အလှူတော်ငွေ(၃၃) သိန်းကျပ်ရရှိပြီး ဆရာတော်ကြီးမှ အလှူရှင်များလှူဒါန်းသည့်ငွေအပြင် ၎င်း၏ လှူဒါန်းငွေ ၅ သိန်းကျပ်ပါ ထည့်ဝင်လျက် စုစုပေါင်း ၃၈ သိန်းကျပ်ကို စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ရန် လှူဒါန်းခဲ့
ကြောင်း သိရသည်။

By – မြတ်ဟိန်းကျော်(ကော့မှူး)
MUNA

Photo – Shaw MawDaw

Facebook Comments
776 Shares