ေငြေၾကး မတတ္ႏုိင္သည့္ လူနာမ်ားအား ေဆးကုမေပးပါက၀န္ႀကီးဌာနသုိ႔တုိင္ၾကားႏုိင္ၿပီ

6222

ေငြေၾကး မတတ္ႏုိင္သည့္ လူနာမ်ားအား ေဆးကုမေပးပါက ၀န္ႀကီးဌာနသုိ႔တုိင္ၾကားႏုိင္ၿပီ

အစုိးရက်န္းမာေရး ေဆး႐ုံမ်ားတြင္ တာ၀န္ရွိသူ ၀န္ထမ္းမ်ားအေနျဖင့္ အခေၾကးေငြမတတ္ႏုိင္သည့္ လူနာ မ်ားကုိ ေဆးကုသမႈမေပးျခင္း၊ ဆက္ ဆံေရး မေျပျပစ္ျခင္း ရွိပါကက်န္းမာေရးဦးစီးဌာနသုိ႔ တုိင္ၾကားႏုိင္ၿပီး အေရး ယူေပးမည္ဟု က်န္းမာေရးဦးစီးဌာနမွတာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

က်န္းမာေရးဦးစီးဌာနက က်န္းမာေရး၀န္ထမ္းေတြကုိ လူနာေတြကုိ မေျခမငံ မဆက္ဆံဖုိ႔၊ လူနာေတြဘက္ ကေန ဆက္ဆံလာရင္ေတာင္ သည္းခံ ဖုိ႔ ေကာင္းေကာင္း မြန္မြန္ဆက္ဆံဖုိ႔အတိအလင္း ၫႊန္ၾကားထား ပါတယ္။ ေငြေၾကးလုံး၀ မတတ္ႏုိင္တဲ့ လူနာေတြ ေဆး႐ုံလာတက္တဲ့ေဆး႐ုံကေန ေဆးမကုေပးဘူး ဆုိၿပီး ႏွင္ထုတ္လုိ႔ မရပါဘူး”ဟုက်န္မာေရးဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာမင္းသန္းၫႊန္႔ က ျမန္မာတိုင္း(မ္)ကုိ ေျပာသည္။

ျပီးခဲ့သည့္လတြင္ ျဖစ္ပြားခဲ့သည့္ ေျမာင္းျမ ေဆး႐ုံမွ ေဆးမကုသေပးသျဖင့္ မိမိကုိယ္ မိမိဆုံးစီရင္သြားခဲ့ သည္ဆိုသည့္ ျဖစ္စဥ္ကုိ က်န္းမာေရး၀န္ႀကီးဌာနမွ စုံစမ္းစစ္ေဆးရာတြင္အဆုိပါလူနာသည္ ေဆး႐ုံႏွင့္ ပတ္သက္မႈရွိသည္ကုိ အထင္အရွားမေတြ႕ ေၾကာင္းက်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

သုိ႔ေသာ္ က်န္းမာေရး၀န္ႀကီးဌာနမွ က်င့္၀တ္မ်ားကုိ က်ဳးလြန္သူမ်ားရွိပါက တာ၀န္မွ ရပ္စဲျခင္း၊ သတိေပးျခင္း ျပဳလုပ္မည္ ျဖစ္ၿပီး ယခင္ကတည္းက ထုိကဲ့သုိ႔ အေရးယူခဲ့ဖူးေၾကာင္းေဒါက္တာ မင္းသန္းၫႊန္႔က ေျပာသည္။

လက္ရွိတြင္ က်န္းမာေရး၀န္ႀကီးဌာနမွ ခ်မွတ္ထားသည့္ မူ၀ါဒမ်ားအရ စရိတ္မွ်ေပးစနစ္ႏွင့္အစုိးရေဆး ႐ုံတုိင္း ေမြးလူနာ မီးဖြားျခင္း၊ ငါးႏွစ္ေအာက္ ကေလးမ်ားႏွင့္ အေရးေပၚခြဲစိတ္လူနာမ်ားကုိ အခမဲ့ေဆး၀ါး ကုသေပးရမည္ ျဖစ္သည္။

“အခုဆုိရင္ က်န္းမာေရး၀န္ႀကီးဌာနက က်န္းမာေရးေစာင့္ေရွာက္မႈေပးဖုိ႔ ေဆး႐ုံအေဆာက္အအုံရယ္၊ ေဆး ႐ုံ၀န္ထမ္းမ်ားကုိ ခန္႔ထားတဲ့အျပင္ ေဆး၀ါးေတြကုိပါ ေထာက္ပံ့ေပးထားပါတယ္။ၿပီးေတာ့ ေဆး႐ုံတုိင္းမွာ လည္း ေဆးပေဒသာပင္ဆုိၿပီး ရန္ပံုေငြ ေပးထားတာလည္း ရွိပါတယ္။အဲဒီပုိက္ဆံရဲ႕ အတုိးနဲ႔လည္း ေငြေၾကး မတတ္ႏုိင္တဲ့ လူနာေတြကုိ ကုေပးလုိ႔ရပါတယ္” ဟုေဒါက္တာ မင္းသန္းၫႊန္က ေျပာသည္။

သုိ႔ေသာ္ ေငြေၾကးတတ္ႏုိင္သည့္ လူနာမ်ားအေနျဖင့္ လုိအပ္သည့္ ေဆး၀ါးမ်ားကုိ၀ယ္ယူသုံးစြဲရမည္ ျဖစ္ သည္။

က်န္းမာေရးအသုံးစရိတ္ တုိးျမင့္လာသည့္အတြက္ လူနာမ်ားက်န္းမာေရးကုန္က် စရိတ္ကုိသက္သာ လာေစေသာ္လည္း အစုိးရေဆး႐ုံမ်ား၌ ေဆး႐ုံ၀န္ထမ္းမ်ား၏ ၀န္ေဆာင္မႈမွာလုိအပ္ခ်က္မ်ားစြာ ရွိေနေသးေၾကာင္း ေဒါက္တာ မင္းသန္းၫႊန္႔က ေျပာသည္။

“အစုိးရေဆး႐ုံတုိင္းမွာ ေဆး႐ုံ၀န္ထမ္း ရွားပါးတဲ့အတြက္ သူတုိ႕ေတြမွာ အလုပ္၀န္ အရမ္းပိေနပါတယ္။ ခုတင္ ၁၀၀ ရွိတဲ့ေဆး႐ုံဆုိရင္ အျမဲ ခုတင္ ၆၀ ေလာက္လူနာရွိေနေတာ့ ၀န္ထမ္းအင္အား က မႏုိင္ပါဘူး။ ဒါေၾကာင့္ သူတုိ႔ ေတြက လူနာကုိ ေကာင္းေကာင္းမြန္မြန္မဆက္ဆံေပးႏုိင္ဘူး” ဟု ေဒါက္တာမင္းသန္းၫႊန္႔က ေျပာသည္။

Credit- Myanmar Times

Unicode

ငွေကြေး မတတ်နိုင်သည့် လူနာများအား ဆေးကုမပေးပါက ၀န်ကြီးဌာနသို့တိုင်ကြားနိုင်ပြီ

အစိုးရကျန်းမာရေး ဆေးရုံများတွင် တာဝန်ရှိသူ ၀န်ထမ်းများအနေဖြင့် အခကြေးငွေမတတ်နိုင်သည့် လူနာ များကို ဆေးကုသမှုမပေးခြင်း၊ ဆက် ဆံရေး မပြေပြစ်ခြင်း ရှိပါကကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး အရေး ယူပေးမည်ဟု ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေကို လူနာတွေကို မခြေမငံ မဆက်ဆံဖို့၊ လူနာတွေဘက် ကနေ ဆက်ဆံလာရင်တောင် သည်းခံ ဖို့ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့အတိအလင်း ညွှန်ကြားထား ပါတယ်။ ငွေကြေးလုံးဝ မတတ်နိုင်တဲ့ လူနာတွေ ဆေးရုံလာတက်တဲ့ဆေးရုံကနေ ဆေးမကုပေးဘူး ဆိုပြီး နှင်ထုတ်လို့ မရပါဘူး”ဟုကျန်မာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့် က မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မြောင်းမြ ဆေးရုံမှ ဆေးမကုသပေးသဖြင့် မိမိကိုယ် မိမိဆုံးစီရင်သွားခဲ့ သည်ဆိုသည့် ဖြစ်စဉ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရာတွင်အဆိုပါလူနာသည် ဆေးရုံနှင့် ပတ်သက်မှုရှိသည်ကို အထင်အရှားမတွေ့ ကြောင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် ကျန်းမာရေးဝန်ကြီးဌာနမှ ကျင့်ဝတ်များကို ကျုးလွန်သူများရှိပါက တာဝန်မှ ရပ်စဲခြင်း၊ သတိပေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ယခင်ကတည်းက ထိုကဲ့သို့ အရေးယူခဲ့ဖူးကြောင်းဒေါက်တာ မင်းသန်းညွှန့်က ပြောသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအရ စရိတ်မျှပေးစနစ်နှင့်အစိုးရဆေး ရုံတိုင်း မွေးလူနာ မီးဖွားခြင်း၊ ငါးနှစ်အောက် ကလေးများနှင့် အရေးပေါ်ခွဲစိတ်လူနာများကို အခမဲ့ဆေးဝါး ကုသပေးရမည် ဖြစ်သည်။

“အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးရုံအဆောက်အအုံရယ်၊ ဆေး ရုံဝန်ထမ်းများကို ခန့်ထားတဲ့အပြင် ဆေးဝါးတွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ပြီးတော့ ဆေးရုံတိုင်းမှာ လည်း ဆေးပဒေသာပင်ဆိုပြီး ရန်ပုံငွေ ပေးထားတာလည်း ရှိပါတယ်။အဲဒီပိုက်ဆံရဲ့ အတိုးနဲ့လည်း ငွေကြေး မတတ်နိုင်တဲ့ လူနာတွေကို ကုပေးလို့ရပါတယ်” ဟုဒေါက်တာ မင်းသန်းညွှန်က ပြောသည်။

သို့သော် ငွေကြေးတတ်နိုင်သည့် လူနာများအနေဖြင့် လိုအပ်သည့် ဆေးဝါးများကို၀ယ်ယူသုံးစွဲရမည် ဖြစ် သည်။

ကျန်းမာရေးအသုံးစရိတ် တိုးမြင့်လာသည့်အတွက် လူနာများကျန်းမာရေးကုန်ကျ စရိတ်ကိုသက်သာ လာစေသော်လည်း အစိုးရဆေးရုံများ၌ ဆေးရုံဝန်ထမ်းများ၏ ၀န်ဆောင်မှုမှာလိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဒေါက်တာ မင်းသန်းညွှန့်က ပြောသည်။

“အစိုးရဆေးရုံတိုင်းမှာ ဆေးရုံဝန်ထမ်း ရှားပါးတဲ့အတွက် သူတို့တွေမှာ အလုပ်ဝန် အရမ်းပိနေပါတယ်။ ခုတင် ၁၀၀ ရှိတဲ့ဆေးရုံဆိုရင် အမြဲ ခုတင် ၆၀ လောက်လူနာရှိနေတော့ ၀န်ထမ်းအင်အား က မနိုင်ပါဘူး။ ဒါကြောင့် သူတို့ တွေက လူနာကို ကောင်းကောင်းမွန်မွန်မဆက်ဆံပေးနိုင်ဘူး” ဟု ဒေါက်တာမင်းသန်းညွှန့်က ပြောသည်။

cd Myanmar Times

Facebook Comments
30K Shares