🙏အိႏၵိယတြင္ လူေပါင္းေထာင္ႏွင့္ခ်ီ၍ ဗုဒၶဘာသာသို႔ကူးေျပာင္း🙏

413

ဗုဒၶသာသနာေတာ္စတင္ေပါက္ဖြားရာ မဇၩိမတိုင္း ယခုအႏၵိယႏိုင္ငံသည္ ၁၂- စုေႏွာင္းပိုင္းမွစ၍ ဗုဒၶသာသနာသည္အလံုးစံုကြယ္ေပ်ာက္ခဲ့ၿပီျဖစ္ေသာ္လည္း ယခုအခါ ႏွစ္စဥ္မိသားစုေပါင္း ေထာင္ခ်ီ လူဦးေရေပါင္း ေသာင္းႏွင့္ခ်ီ၍ ဗုဒၶဘာသာသို႔ အလံုးအရင္းျဖင့္ ကူးေျပာင္းလာခဲ့ၾကသည္။

ယခုေနာက္ဆံုး ဟိႏၵဴဘာသာႏွင့္ အျခားဘာသာ၀င္မ်ားမွ ဗုဒၶဘာသာအျဖစ္သို႔ ကူးေျပာင္းလာသည့္ အခမ္းအနားကို 17-2-2019 ေန႔တြင္ အိႏၵိႏုိင္ငံ အလယ္ပုိင္းေဒသ မာဒယ ပရာေဒ့ခ်္ျပည္နယ္ (Madhya pradesh) ၌ က်င္းပျပဳလုပ္ခဲ့သည္။

ေလာက၌ လူသားတို႔သည္ မိမိတို႔နီးစပ္ရာ ယံုၾကည္ရာဘာသာတရားမ်ားကို ကိုးကြယ္ေနၾကေသာ္လည္း မိမိကိုးကြယ္သည့္ ဘာသာတရား၏ စစ္မွန္မွဳရွိ မရွိ၊ တရားစစ္ တရားမွန္ဟုတ္မဟုတ္ မိမိလိုခ်င္သည့္ ဘ၀လြတ္ေျမာက္မွဳ ခ်မ္းသာၿငိမ္းေအးမွဳစသည္တို႔ကို အမွန္တကယ္ေပးစြမ္းရွိမရွိကို မဆန္းစစ္ဘဲ မိ႐ိုးဖလာသေဘာျဖင့္ ေပါ့ေပါတန္တန္သေဘားထားေနၾကသည္ကိုေတြ႕ရသည္။

တစ္ရက္စာ၊တစ္နပ္စာသာ အရံဟင္းအျဖစ္စားသံုးမည့္ ၁၀ဝိ က်ပ္တန္ ေစ်းေပါသည့္ ကန္စြန္းရြက္၊ခ်ဥ္ေပါင္ရြက္ကို၀ယ္ယူသည့္မွာပင္ လတ္ဆပ္သလား၊ ပိုးစားထားသလား၊ ႏုသလား၊ ရင့္သလား စသည္ျဖငိ့ အေသအျခာေရြးခ်ယ္၍ ၀ယ္ယူၾကေလ့ရွိသည္။

သို႔ေသာ္လည္း ပစၥကၡဘ၀သာမက ေနာင္သံသရာအထိအေရးပါလွသည့္ ဘာသာတရားကိုးကြယ္မွဳကိုမူ ၁၀ဝိ/က်ပ္တန္ ကန္စြန္းရြက္၊ခ်ဥ္ေပါင္ရြက္ေလာင္ပင္ အေလးထား ေရြးခ်ယ္ျခင္းမရွိၾကေပ။

=မည္သည့္လူမ်ိဳး မည္သည့္ဘာသာ၀င္မဆို အေရးအႀကီးဆံုးေမးခြန္းႏွစ္ခုကို မျဖစ္မေန ျပန္လည္ေမးခြန္းထုတ္သင့္ၾကပါသည္။

(၁) ငါကိုးကြယ္ေနသည့္ ဘာသာတရားသည္ တရားစစ္တရားမွန္ဟုတ္သလာ။ ကိုးကြယ္ထိုက္သည့္ ဂုဏ္အရည္အခ်င္းရွိသလား။

(၂) ငါကိုးကြယ္ေမသည့္ ဘာသာတရားသည္ ငါလိုခ်င္သည့္ လြတ္ေျမာက္မွဳ၊ေအးၿငိမ္းမွဳ၊ခ်မ္းသာမွဳကို အမွန္တကယ္ ေပးစြန္းႏိုင္သလား။

ထိုသို႔ေမးခြန္းထုတ္ ေလ့လာေနသည့္အခါ၌ အဂတိကင္းေစရန္ အမွန္အမွားကို မွန္ကန္စြာ ခြဲျခားေစႏိုင္ရန္အတြက္ မိမိကိုးကြယ္ေနသည့္ဘာသာကို ေခတၱခဏဖယ္ထား၍ သံုးသတ္ေလ့လာ ေမးခြန္းထုတ္ၾကရမည္ျဖစ္ပါသည္။

မိမိကိုးကြယ္သည့္ဘာသာသည္ မိမိလိုခ်င္သည့္အေျဖမရရွိပါက်န္ဘာသာမ်ားကို ေသျခာက်နေလ့လာ၍ ကိုးကြယ္ထိုက္သည့္ ဘာသာတရားကိုေတြ႕ပါက ဘာသာေျပာင္းလဲရန္ ၀န္မေလးသင့္ပါေပ။
အဘယ့္ေၾကာင့္ဆိုေသာ္ ေလာက၌ ဘာသာတရားေရြးခ်ယ္ကိုးကြယ္ျခင္းသည္ အေရးအႀကီးဆံုးေသာအရာျဖစ္ေသာေၾကာင့္ပါတည္း။

ဘာသာတရားကိုးကြယ္လြဲက တစ္ဘ၀သာမက သံသရာအဆက္ဆက္ လမ္းလြဲ လမ္းမွားေရာက္၍ သံသရာခရီးေမွာက္မည္ျဖစ္သျဖင့္ ဘာသာတရားတိုင္းကို အသိပညာျဖင့္ ေသျခာက်န ေရြးခ်ယ္ကိုးကြယ္သင့္လွပါသည္။

“ဓမၼဝီရ ေဒါက္တာေတဇနိယ ”

Unicode

ဗုဒ္ဓသာသနာတော်စတင်ပေါက်ဖွားရာ မဇ္ဈိမတိုင်း ယခုအန္ဒိယနိုင်ငံသည် ၁၂- စုနှောင်းပိုင်းမှစ၍ ဗုဒ္ဓသာသနာသည်အလုံးစုံကွယ်ပျောက်ခဲ့ပြီဖြစ်သော်လည်း ယခုအခါ နှစ်စဉ်မိသားစုပေါင်း ထောင်ချီ လူဦးရေပေါင်း သောင်းနှင့်ချီ၍ ဗုဒ္ဓဘာသာသို့ အလုံးအရင်းဖြင့် ကူးပြောင်းလာခဲ့ကြသည်။

ယခုနောက်ဆုံး ဟိန္ဒူဘာသာနှင့် အခြားဘာသာဝင်များမှ ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းလာသည့် အခမ်းအနားကို 17-2-2019 နေ့တွင် အိန္ဒိနိုင်ငံ အလယ်ပိုင်းဒေသ မာဒယ ပရာဒေ့ချ်ပြည်နယ် (Madhya pradesh) ၌ ကျင်းပပြုလုပ်ခဲ့သည်။

လောက၌ လူသားတို့သည် မိမိတို့နီးစပ်ရာ ယုံကြည်ရာဘာသာတရားများကို ကိုးကွယ်နေကြသော်လည်း မိမိကိုးကွယ်သည့် ဘာသာတရား၏ စစ်မှန်မှုရှိ မရှိ၊ တရားစစ် တရားမှန်ဟုတ်မဟုတ် မိမိလိုချင်သည့် ဘဝလွတ်မြောက်မှု ချမ်းသာငြိမ်းအေးမှုစသည်တို့ကို အမှန်တကယ်ပေးစွမ်းရှိမရှိကို မဆန်းစစ်ဘဲ မိရိုးဖလာသဘောဖြင့် ပေါ့ပေါတန်တန်သဘေားထားနေကြသည်ကိုတွေ့ရသည်။

တစ်ရက်စာ၊တစ်နပ်စာသာ အရံဟင်းအဖြစ်စားသုံးမည့် ၁၀ဝိ ကျပ်တန် ဈေးပေါသည့် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်ကိုဝယ်ယူသည့်မှာပင် လတ်ဆပ်သလား၊ ပိုးစားထားသလား၊ နုသလား၊ ရင့်သလား စသည်ဖြငိ့ အသေအခြာရွေးချယ်၍ ဝယ်ယူကြလေ့ရှိသည်။

သို့သော်လည်း ပစ္စက္ခဘဝသာမက နောင်သံသရာအထိအရေးပါလှသည့် ဘာသာတရားကိုးကွယ်မှုကိုမူ ၁၀ဝိ/ကျပ်တန် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်လောင်ပင် အလေးထား ရွေးချယ်ခြင်းမရှိကြပေ။

=မည်သည့်လူမျိုး မည်သည့်ဘာသာဝင်မဆို အရေးအကြီးဆုံးမေးခွန်းနှစ်ခုကို မဖြစ်မနေ ပြန်လည်မေးခွန်းထုတ်သင့်ကြပါသည်။

(၁) ငါကိုးကွယ်နေသည့် ဘာသာတရားသည် တရားစစ်တရားမှန်ဟုတ်သလာ။ ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းရှိသလား။

(၂) ငါကိုးကွယ်မေသည့် ဘာသာတရားသည် ငါလိုချင်သည့် လွတ်မြောက်မှု၊အေးငြိမ်းမှု၊ချမ်းသာမှုကို အမှန်တကယ် ပေးစွန်းနိုင်သလား။

ထိုသို့မေးခွန်းထုတ် လေ့လာနေသည့်အခါ၌ အဂတိကင်းစေရန် အမှန်အမှားကို မှန်ကန်စွာ ခွဲခြားစေနိုင်ရန်အတွက် မိမိကိုးကွယ်နေသည့်ဘာသာကို ခေတ္တခဏဖယ်ထား၍ သုံးသတ်လေ့လာ မေးခွန်းထုတ်ကြရမည်ဖြစ်ပါသည်။

မိမိကိုးကွယ်သည့်ဘာသာသည် မိမိလိုချင်သည့်အဖြေမရရှိပါကျန်ဘာသာများကို သေခြာကျနလေ့လာ၍ ကိုးကွယ်ထိုက်သည့် ဘာသာတရားကိုတွေ့ပါက ဘာသာပြောင်းလဲရန် ဝန်မလေးသင့်ပါပေ။
အဘယ့်ကြောင့်ဆိုသော် လောက၌ ဘာသာတရားရွေးချယ်ကိုးကွယ်ခြင်းသည် အရေးအကြီးဆုံးသောအရာဖြစ်သောကြောင့်ပါတည်း။

ဘာသာတရားကိုးကွယ်လွဲက တစ်ဘဝသာမက သံသရာအဆက်ဆက် လမ်းလွဲ လမ်းမှားရောက်၍ သံသရာခရီးမှောက်မည်ဖြစ်သဖြင့် ဘာသာတရားတိုင်းကို အသိပညာဖြင့် သေခြာကျန ရွေးချယ်ကိုးကွယ်သင့်လှပါသည်။

“ဓမ္မဝီရ ဒေါက်တာတေဇနိယ “

Facebook Comments
3K Shares