ကျောင်းသားနဲ့ လွန်လွန်ကျူးကျူးဖြစ်ခဲ့လို့ ထောင်(၂၂)နှစ်အထိ ချမှတ်ခံရဖို့ရှိနေတဲ့ဆရာမ

600

ကျောင်းတစ်ခုမှာ ဒရာမာဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဆရာမလေးတစ်ဦးဟာ ကျောင်းသားတစ်ဦးနဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့တာကြောင့် အလုပ်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ သူမဟာ အသက်(၁၆)နှစ်အရွယ် ကျောင်းသားနဲ့ ဖြစ်ချင်တိုင်း ဖြစ်ခဲ့တာပါ။ သူမဟာ ဒီပြစ်မှုကြောင့် ရဲက ဖမ်းဆီးတာကိုလည်း ခံလိုက်ရပါတယ်။

ဆရာမရဲ့အမည်ကတော့ Chelsie Leroy ဖြစ်ပြီး အသက်(၂၃)နှစ် ဖြစ်ပါတယ်။ သူမဟာ ဒီအလုပ်ကို ရတာလည်း မကြာသေးပါဘူး။ အလုပ်မထုတ်ခံရခင် (၁)လလောက်ကမှ ဒီအလုပ်ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ ဆရာ/မတွေရဲ့ ဥပဒေ ကျင့်ဝတ်တွေကို မစောင့်ထိန်းဘဲ၊ အသက်မပြည့်သေးသူ ကျောင်းသားနဲ့ ဖြစ်ချင်တိုင်း ဖြစ်ခဲ့တာပါ။

သူမ အလုပ်ရခဲ့တဲ့ ကျောင်းကတော့ Washburn, Missouri မှာတည်ရှိတဲ့ Southwest High School မှာဖြစ်ပြီး၊ ကျောင်းသားနဲ့ကိစ္စကို (၂၀၁၈)ခုနှစ် စက်တင်ဘာလမှာ သက်ဆိုင်ရာထံ ပေါက်ကြားမှုတွေ ဖြစ်သွားခဲ့ပါတယ်။ ကျောင်းကောင်စီက သိလျှင်သိချင်း ချက်ချင်း အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားကို စစ်ဆေးရာမှာ Leroy ဟာ ကျောင်းမှာအလုပ်ရရချင်း နောက်တစ်ပတ်လောက်မှာပဲ သူ့ထံကို မက်ဆေ့တွေပို့ကာ မြှူစွယ်ခဲ့ကြောင်း၊ အဲဒီနောက် လူချင်းရင်းနီးအောင် စီမံပြီး၊ နောက်ဆုံး ကျောင်းပြဇာတ်ခန်းမထဲမှာ ချစ်တင်းနှောသည်အထိ အဆင့်တက်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျောင်းသားက တစ်ခြားသူတွေ သိသွားမှာစိုးလို့ ဆင်ခြင်ခဲ့ပေမယ့်၊ Leroy က သူ့ကို အတင်းအဓမ္မကျင့်ခဲ့သေးတယ်လို့ ဆိုပါတယ်။ သူမကို ရဲက လိင်ပိုင်းဆိုင်ရာစော်ကားမှု နှစ်မှုနဲ့ အမှုဖွင့်ခဲ့ပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၂၂)နှစ်အထိ ရင်ဆိုင်ရဖို့ရှိနေကြောင်း သိရပါတယ်။

နတ်သူကြီး (SearchMyanmar)

Source : metro.co.uk







နတ်သူကြီး (SearchMyanmar)

Source : metro.co.uk

Facebook Comments
739 Shares