“သူလည္းဝမ္းသာ – ငါလည္းရႊင္ျပံဳး” (ပံုမွန္-က်န္းမာေရးစစ္ေဆးမွဳ ခံယူျခင္း)

269

“သူလည္းဝမ္းသာ – ငါလည္းရႊင္ျပံဳး”
(ပံုမွန္-က်န္းမာေရးစစ္ေဆးမွဳ ခံယူျခင္း)

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ၂၁-၂-၂၀၁၉ ရက္ေန႔၊ နံနက္ခင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီတဂူဗိမာန္တြင္ အာရွေတာ္ဝင္အထူးကုေဆးရံုမွ အထူးကုဆရာဝန္အဖြဲ႕က က်န္းမာေရးလာေရာက္ စစ္ေဆးေပးမွဳ ခံယူေတာ္ခဲ့ရာ လြန္စြာေကာင္းမြန္ေၾကာင္း တပည့္ဒကာအေပါင္းကို သိရွိေစပါသည္။

သီတဂူဆရာေတာ္ႀကီး၏ ပုံမွန္-က်န္းမာေရး ေစာင့္ေရွာက္မွဳကို အာရွေတာ္ဝင္ ေဆးရံု MD သီတဂူေဒါက္တာဦးျမတ္သူ၊ အာရွေတာ္ဝင္ ေဆးရံုအုပ္ႀကီး ေဒါက္တာ ဦးခင္ေမာင္ေဆြႏွင့္တကြ ဆရာဝန္မ်ား-သူနာျပဳမ်ားက ႐ိုေသစြာျဖင့္ ဂ႐ုတစိုက္ ေဆာင္ရြက္ၾကပါသည္။ ယခုအႀကိမ္တြင္ ႏွလံုးအထူးကုဆရာဝန္ႀကီး ေဒါက္တာသန္းထိုက္ေအာင္၊ အ႐ိုးအေၾကာ ဆရာဝန္ႀကီး ပါေမာကၡေဒါက္တာေက်ာ္မင္းဦးႏွင့္ ေဒါက္တာေဇာ္မ်ိဳးထက္၊ ေက်ာင္းဒကာႀကီး ေဒါက္တာဦးဝင္းျမင့္တို႔ လာေရာက္စစ္ေဆးေပးခဲ့ၾကပါသည္။

မတ္လ-၂၀ ရက္ေန႔တြင္ သက္ေတာ္-၈၂ႏွစ္ ျပည့္ေတာ္မူေတာ့မည့္ ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးအတြက္ က်န္းမာေရးေစာင့္ေရွာက္မွဳကို အထူးဂ႐ုျပဳ ေဆာင္ရြက္ေပးခဲ့ၾကသည့္ ဆရာဝန္ႀကီးမ်ားႏွင့္တကြ ပါဝင္ေဆာင္ရြက္သူမ်ား အားလံုးကို ေက်းဇူးတင္ရွိပါေၾကာင္း သီတဂူ သာသနာျပဳအဖြဲ႕က ေက်းဇူးမွတ္တမ္းတင္ ဂုဏ္ျပဳအပ္ပါသည္။

သီတဂူ sitagu

သီတဂူစန္းလပမာ ခ်မ္းျမသာယာ ရွိၾကပါေစ။

သီတဂူသာသနာျပဳအဖြဲ႔

Posted by သီတဂူသတင္း
Photo – သီတဂူေအာင္သန္းဝင္း

Unicode

“သူလည်းဝမ်းသာ – ငါလည်းရွှင်ပြုံး”
(ပုံမှန်-ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၁-၂-၂၀၁၉ ရက်နေ့၊ နံနက်ခင်းတွင် ရန်ကုန်မြို့၊ သီတဂူဗိမာန်တွင် အာရှတော်ဝင်အထူးကုဆေးရုံမှ အထူးကုဆရာဝန်အဖွဲ့က ကျန်းမာရေးလာရောက် စစ်ဆေးပေးမှု ခံယူတော်ခဲ့ရာ လွန်စွာကောင်းမွန်ကြောင်း တပည့်ဒကာအပေါင်းကို သိရှိစေပါသည်။

သီတဂူဆရာတော်ကြီး၏ ပုံမှန်-ကျန်းမာရေး စောင့်ရှောက်မှုကို အာရှတော်ဝင် ဆေးရုံ MD သီတဂူဒေါက်တာဦးမြတ်သူ၊ အာရှတော်ဝင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးခင်မောင်ဆွေနှင့်တကွ ဆရာဝန်များ-သူနာပြုများက ရိုသေစွာဖြင့် ဂရုတစိုက် ဆောင်ရွက်ကြပါသည်။ ယခုအကြိမ်တွင် နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာသန်းထိုက်အောင်၊ အရိုးအကြော ဆရာဝန်ကြီး ပါမောက္ခဒေါက်တာကျော်မင်းဦးနှင့် ဒေါက်တာဇော်မျိုးထက်၊ ကျောင်းဒကာကြီး ဒေါက်တာဦးဝင်းမြင့်တို့ လာရောက်စစ်ဆေးပေးခဲ့ကြပါသည်။

မတ်လ-၂၀ ရက်နေ့တွင် သက်တော်-၈၂နှစ် ပြည့်တော်မူတော့မည့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သီတဂူ sitagu

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူသာသနာပြုအဖွဲ့

Posted by သီတဂူသတင်း
Photo – သီတဂူအောင်သန်းဝင်း

Facebook Comments
561 Shares