ကားနဲ့ဆို တစ်နာရီကြာမယ့် အလုပ်သွားချိန်ကို၊ (၆)မိနစ်တည်းနဲ့ ရောက်အောင်သွားသူ(ရုပ်သံ)

450

အာမခံကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အမျိုးသားတစ်ဦးဟာ ကားနဲ့ တစ်နာရီလောက် သွားရမယ့်ခရီးကို၊ (၆)မိနစ်တည်းနဲ့ ရောက်အောင် သွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း ဖြတ်လမ်းနည်းကို အသုံးပြုပြီး အိုလံပစ်လှေနဲ့ မြစ်ကိုဖြတ်ကူးကာ ရုံးတတ်နေသူပါ။

သူ့အမည်ကတော့ Liu Fucao ဖြစ်ပြီး အသက်(၂၉)နှစ်ပါ။ သူရဲ့အလုပ်က Wanzhou, Chongqing မှာ တည်ရှိပြီး၊ Yangtze မြစ်သာ ခြားပါတယ်။ သာမန်အားဖြင့် ဘက်စ်ကားစီးသွားမယ်ဆိုပါက တစ်မိုင်လောက်မှာရှိတဲ့ တံတားဘက်ကနေ ကွေ့ပတ် သွားရမှာပါ။

ဒီလိုနဲ့ ကြားထဲမှာ မှတ်တိုင်အတက်အဆင်း ကြာချိန်ဟာ စုစုပေါင်း (၁)နာရီကျော်လောက် ဖြစ်နေတဲ့အတွက် သူဟာ လှေကိုအသုံးပြုပြီး၊ ရုံးတက်ဖို့ စဉ်းစားခဲ့မိပါတယ်။ စတင်စမ်းသပ်ရာမှာ အချိန်(၆)မိနစ်အတွင်း ရုံးကို ရောက်ခဲ့တာကြောင့်၊ ဒီနည်းကိုပဲ ဆက်ပြီး အသုံးပြုခဲ့တာပါ။

Liu က တောင်ဘက် မြစ်ကမ်းမှာ နေထိုင်ပြီး၊ သူတက်ရတဲ့ ရုံးကတော့ မြောက်ဘက်ကမ်းနားမှာ တည်ရှိပါတယ်။ မြစ်ကို ဓားလွယ်ခုတ် ဖြတ်ကူးလိုက်တာနဲ့ အဲဒီကိုရောက်နိုင်တာမျိုးပါ။ Liu ကတော့ ရုံးအဝတ်အစားကို အိတ်နဲ့သီးသန့်ထည့်ပြီး၊ ကမ်းပေါ်ရောက်မှ အောက်က အဝတ်အစားနဲ့ ထပ်ဝတ်တာ ဖြစ်ပါတယ်။

လင်းဇော်ကို (MyanmarNote)

source : nextshark.com







source : nextshark.com

Facebook Comments
1K Shares