၁၂ အရြယ္ခ်စ္သူ မိန္းကေလးကို ခိုးေျပးၿပီး အတူေနခဲ့တဲ့ အမ်ိဳးသား ၃၇၆/၃၆၆ အမႈဖြင့္ခံရ

1346

သမီးရည္းစားအခ်င္းခ်င္း ခ်စ္ၾကဳိက္၍ ခုိးရာလုိက္ေျပးရာမွ မိဘမ်ားသေဘာမတူသည့္အတြက္ ကာယကံ႐ွင္အမ်ဳိးသား မုဒိန္းမႈျဖင့္ အမႈဖြင့္ခံရ။

မြန္ ေဖ ၂၂ #အမႊာညီေနာင္

မြန္ျပည္နယ္ မုဒုံျမဳိ့နယ္ ကြမ္တာေက်းရြာေန မေအးေအး(၁၂) ႏွစ္ (ဟိႏၵဴဘာသာဝင္) အား မိခင္ျဖစ္သူ ေဒၚစႏၵာ(၃၃)ႏွစ္မွ ၁၅.၂.၂၀၁၉ရက္ေန႔ ညေန ၄ နာရီခ်ိန္ခန္႔၌ အဖုိးျဖစ္သူေနအိမ္သုိ႔ ႏြားဝယ္ထားသည္ကိစၥအား အသိေပးရန္ ေစလႊတ္ခဲ့ရာတြင္ သမီးျဖစ္သူ ေနအိမ္သုိ႔ျပန္လည္ေရာက္႐ွိလာျခင္းမ႐ွိေသာ္လည္ မိခင္ျဖစ္သူ ေဒၚစႏၵာ (၃၃)ႏွစ္မွ အဖုိးျဖစ္သူေနအိမ္တြင္ အိပ္သည္ဟုထင္မွတ္၍ သြားေရာက္႐ွာေဖြျခင္းမျပဳခဲ့ရာ

၎ေန႔ ည ၇ နာရီခ်ိန္ခန္႔တြင္ အိမ္နီးခ်င္းေန မဝင္းမာဦး (၂၂)ႏွစ္ေရာက္႐ွိလာၿပီး မေအးေအး(၁၂)ႏွစ္သည္ ၎၏ အစ္ကုိျဖစ္သူ ဝင္းကုိဦး(၂၄)ႏွစ္ ႏွင့္ ၎တုိ႔ခ်င္းခ်စ္ၾကဳိက္ရာမွ ညေနက ခုိးရာလုိက္ေျပးသြားၿပီး သူတုိ႔ႏွစ္ဦး ျပန္လည္ေရာက္႐ွိလာပါက မိသားဖသားပီပီ ျပန္လည္အပ္ႏွံမည္ျဖစ္ေၾကာင္း မေအးေအး(၁၂)ႏွစ္၏ မိခင္ထံ သြားေရာက္ေျပာၾကားအသိေပးခဲ့ေၾကာင္း သိရသည္။ထုိေနာက္ ေနာက္တစ္ရက္အၾကာ ၁၆.၂.၂၀၁၉ ရက္ေန႔ ေန႔လည္ ၁၂ နာရီခ်ိန္ခန္႔တြင္ မေအးေအး(၁၂)ႏွစ္ႏွင့္ ဝင္ကုိဦး(၂၄)ႏွစ္တုိ႔ႏွစ္ဦးေက်းရြာအတြင္းသုိ႔ ျပန္လည္ေရာက္႐ွိလာခဲ့ေၾကာင္းရဲမွတ္တမ္းမ်ားအရသိရသည္။

ထုိသုိ႔ေက်းရြာသုိ႔ေရာက္႐ွိလာၿပီး ၁၈.၂.၂၀၁၉ရက္ေန႔ ညေန ၄ နာရီခ်ိန္တြင္ မေအးေအး(၁၂)ႏွစ္သည္ မိခင္ျဖစ္သူေဒၚစႏၵာေနအိမ္သုိ႔ တစ္ဦးတည္းျပန္လည္ေရာက္႐ွိလာခဲ့၍ မိခင္ျဖစ္သူမွ ေမးျမန္းရာ ၁၅ ရက္ေန႔က ၎တုိ႔ႏွစ္ဦးခ်စ္ၾကဳိက္၍ ခ်ိန္းေတြ႔ရာမွ ခုိးေျပးခဲ့ၿပီး သားမယားအျဖစ္ ေပါင္းသင္းခဲ့ေၾကာင့္သိ႐ွိရ၍ မိခင္ျဖစ္သူ မစႏၵာမွ

မိဘအုပ္ထိန္းမွုေအာက္ရွိ သမီးျဖစ္သူ (၁၂)ႏွစ္အရြယ္ အရြယ္မေရာက္ေသးသူအားသားမယားအျဖစ္ ေပါင္းသင္းေနထုိင္သူ ဝင္းကုိဦး(၂၄)ႏွစ္အားအေရးယူေပးရန္ မုဒုံျမဳိ့မရဲစခန္းသုိ႔ ၂၁.၂.၂၀၁၉ရက္ေန႔၌ တုိင္တန္းခဲ့ရာ မုဒုံျမဳိ့မရဲစခန္းမွ အသက္(၁၆)ႏွစ္ေအာက္ မိန္းကေလးအား ေပါင္းသင္းဆက္ဆံကာမရယူူသူ ဝင္းကုိဦးအား မုဒုံျမဳိ့မရဲစခန္း(ပ)၉၂၈/၂၀၁၉ ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ ၃၇၆/၃၆၆ တုိ႔ျဖင့္ အမႈဖြင့္ကာ ၎အမႈအား မုဒုံျမဳိ့မရဲစခန္းမႉး ဒုရဲမႉးခင္ေမာင္ထြန္းမွ ဆက္လက္စစ္ေဆးေဆာင္ရြတ္လ်က္႐ွိေၾကာင္းသတင္းရ႐ွိသည္။

မြန္ျပည္နယ္ မုဒုံျမဳိ့နယ္တြင္ ၂၀၁၉ ခုႏွစ္စပိုင္းမွစ၍ ၂လအတြင္း သက္ငယ္မုဒိန္းမႈ (၂) ခု ၊ မုဒိန္းက်င့္ရန္ ၾကံစည္မႈ (၁) မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

(နစ္နာသူအမည္အားလႊဲေျပာင္းထားပါသည္။)

အမႊာညီေနာင္

Unicode

သမီးရည်းစားအချင်းချင်း ချစ်ကြိုက်၍ ခိုးရာလိုက်ပြေးရာမှ မိဘများသဘောမတူသည့်အတွက် ကာယကံရှင်အမျိုးသား မုဒိန်းမှုဖြင့် အမှုဖွင့်ခံရ။

မွန် ဖေ ၂၂ #အမွှာညီနောင်

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာနေ မအေးအေး(၁၂) နှစ် (ဟိန္ဒူဘာသာဝင်) အား မိခင်ဖြစ်သူ ဒေါ်စန္ဒာ(၃၃)နှစ်မှ ၁၅.၂.၂၀၁၉ရက်နေ့ ညနေ ၄ နာရီချိန်ခန့်၌ အဖိုးဖြစ်သူနေအိမ်သို့ နွားဝယ်ထားသည်ကိစ္စအား အသိပေးရန် စေလွှတ်ခဲ့ရာတွင် သမီးဖြစ်သူ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသော်လည် မိခင်ဖြစ်သူ ဒေါ်စန္ဒာ (၃၃)နှစ်မှ အဖိုးဖြစ်သူနေအိမ်တွင် အိပ်သည်ဟုထင်မှတ်၍ သွားရောက်ရှာဖွေခြင်းမပြုခဲ့ရာ

၎င်းနေ့ ည ၇ နာရီချိန်ခန့်တွင် အိမ်နီးချင်းနေ မဝင်းမာဦး (၂၂)နှစ်ရောက်ရှိလာပြီး မအေးအေး(၁၂)နှစ်သည် ၎င်း၏ အစ်ကိုဖြစ်သူ ဝင်းကိုဦး(၂၄)နှစ် နှင့် ၎င်းတို့ချင်းချစ်ကြိုက်ရာမှ ညနေက ခိုးရာလိုက်ပြေးသွားပြီး သူတို့နှစ်ဦး ပြန်လည်ရောက်ရှိလာပါက မိသားဖသားပီပီ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း မအေးအေး(၁၂)နှစ်၏ မိခင်ထံ သွားရောက်ပြောကြားအသိပေးခဲ့ကြောင်း သိရသည်။ထိုနောက် နောက်တစ်ရက်အကြာ ၁၆.၂.၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီချိန်ခန့်တွင် မအေးအေး(၁၂)နှစ်နှင့် ဝင်ကိုဦး(၂၄)နှစ်တို့နှစ်ဦးကျေးရွာအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်။

ထိုသို့ကျေးရွာသို့ရောက်ရှိလာပြီး ၁၈.၂.၂၀၁၉ရက်နေ့ ညနေ ၄ နာရီချိန်တွင် မအေးအေး(၁၂)နှစ်သည် မိခင်ဖြစ်သူဒေါ်စန္ဒာနေအိမ်သို့ တစ်ဦးတည်းပြန်လည်ရောက်ရှိလာခဲ့၍ မိခင်ဖြစ်သူမှ မေးမြန်းရာ ၁၅ ရက်နေ့က ၎င်းတို့နှစ်ဦးချစ်ကြိုက်၍ ချိန်းတွေ့ရာမှ ခိုးပြေးခဲ့ပြီး သားမယားအဖြစ် ပေါင်းသင်းခဲ့ကြောင့်သိရှိရ၍ မိခင်ဖြစ်သူ မစန္ဒာမှ

မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ (၁၂)နှစ်အရွယ် အရွယ်မရောက်သေးသူအားသားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ ဝင်းကိုဦး(၂၄)နှစ်အားအရေးယူပေးရန် မုဒုံမြို့မရဲစခန်းသို့ ၂၁.၂.၂၀၁၉ရက်နေ့၌ တိုင်တန်းခဲ့ရာ မုဒုံမြို့မရဲစခန်းမှ အသက်(၁၆)နှစ်အောက် မိန်းကလေးအား ပေါင်းသင်းဆက်ဆံကာမရယူူသူ ဝင်းကိုဦးအား မုဒုံမြို့မရဲစခန်း(ပ)၉၂၈/၂၀၁၉ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆/၃၆၆ တို့ဖြင့် အမှုဖွင့်ကာ ၎င်းအမှုအား မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းမှ ဆက်လက်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၁၉ ခုနှစ်စပိုင်းမှစ၍ ၂လအတွင်း သက်ငယ်မုဒိန်းမှု (၂) ခု ၊ မုဒိန်းကျင့်ရန် ကြံစည်မှု (၁) မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

(နစ်နာသူအမည်အားလွှဲပြောင်းထားပါသည်။)

အမွှာညီနောင်

Facebook Comments
2K Shares