ဆီျဖည္႔ေနစဥ္ ဖုန္းေျပာဆိုမႈေၾကာင္႔ မီးေလာင္ေပါက္ကြဲမႈျဖစ္ကာ လူတစ္ေယာက္ ေသဆံုး (မံုရြာၿမိဳ႕နယ္)

572

ဆီျဖည္႔ေနစဥ္ ဖုန္းေျပာဆိုမႈေၾကာင္႔ မီးေလာင္ေပါက္ကြဲမႈျဖစ္ကာ လူတစ္ေယာက္ ေသဆံုး

သတင္း + ဓာတ္ပံု = ကိုတိုးၾကီး မံုရြာ၊ ေဖေဖာ္၀ါရီ ၂၃

စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ႕ ေက်ာကၠာေျမာက္ရြာ ေရနံခ်က္ဖိုရပ္ကြက္တြင္ ယခုလ ၂၃ ရက္မနက္ ၁ နာရီအခ်ိန္ခန္႔က ဆီေဘာက္ဆာတြဲယာဥ္အား ဆီျဖည္႔ေနစဥ္ ဆီျဖည္႔ေနသူက လက္ကိုင္ဖုန္းေျပာဆိုမႈေၾကာင္႔ရုတ္တရက္မီးေလာင္ေပါက္ကြဲကာလူတစ္ဦးေသဆံုးသြားေၾကာင္း မံုရြာခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

က်ာကၠာေျမာက္ရြာ ေရနံခ်က္ဖိုရပ္ကြက္ရွိ ဦးသန္းထြန္းဦး၏ ေရနံခ်က္ဖိုတြင္ ဆီေဘာက္ဆာေနာက္တြဲယာဥ္ ယာဥ္အမွတ္ YGN / 9K 78 …. (18) ဘီးေနာက္တြဲယာဥ္မွာ ဒီဇယ္ဆီမ်ားျဖည ္႔ေနစဥ္ မႏၱေလးတိုင္းေဒသၾကီး ေညာင္ဦးျမိဳ႕နယ္ ၊ လက္၀ဲေက်းရြာေန ကိုခိုင္ျမင္႔ဦး အသက္(၄၂) ႏွစ္ဆိုသူက လက္ကိုင္ဖုန္းေျပာဆိုခဲ႔ရာ

ဖုန္းလွ်ပ္စီးမ်ားႏွင္႔ ဆီအခိုးေငြ႔မ်ားထိေတြ႔ျပီးေနာက္ ရုတ္တရက္ မီးေလာင္ေပါက္ကြဲမႈျဖစ္ပြားကာ ဆီျဖည္႔ ရင္ဖုန္းေျပာဆိုသူ ကိုခိုင္ျမင္႔ဦးသည္ ၎ေနရာတြင္ မီးေလာင္ကၽြမ္းေသဆံုးခဲ႔ေၾကာင္း မံုရြာခရိုင္မီးသတ္ တပ္ဖြဲ႔၏ မွတ္တမ္းမ်ားတြင္ေဖာ္ျပထားသည္။

အဆိုပါ မီးေလာင္ကၽြမ္းမႈေၾကာင္႔ ဒီဇယ္ဆီ (၅၀) ဂါလံ၊ ေျမစိုက္နံကပ္ တစ္ထပ္တိုက္(၁)လံုး၊ကားတာယာ (၇) လံုး ၊ လက္ကိုင္ဖုန္း(၁)လံုး ႏွင္႔ ဆီျဖည္႔သည္႔ ဆီေဂါက္(၁) ခုတုိ႔ပ်က္စီးဆံုးရံႈးခဲ႔သည္။ ပ်က္စီးဆံုးရံႈးမႈ တန္ဘိုးမွာ ၇၅၅၀၀၀ က်ပ္ျဖစ္သည္ဟု ခရိုင္မီးသတ္တပ္ဖြဲ႔မွ ခန္႔မွန္းတြက္ခ်က္ထားသည္။

ဆီျဖည္႔ေနစဥ္ ဖုန္းေျပာဆိုသျဖင္႔ ရုတ္တရက္ မီးေလာင္ေပါက္ကြဲမႈမ်ား မၾကာခဏဆိုသလို အဆိုပါ ေဒသတြင္ ျဖစ္ပြားလ်က္ရွိရာ လြန္ခဲ႔ေသာ လအနည္းခန္႔ကလည္ အလားတူ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ႔သည္။

ထို႔ေၾကာင္႔ သက္ဆိုင္ရာ ဌာနမ်ားမွ အဆိုပါ ေဒသတြင္ မီးေဘးအႏၱရာယ္ အသိပညာေပး ေဟာေျပာပြဲမ်ား ၊ မီးျငိမ္သတ္မႈ သရုပ္ျပ သင္တန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ပို႔ခ်သင္ၾကားေပးျခင္းျဖင္႔ ဆီလုပ္သားမ်ား၏ အသက္ေဘး အႏၱရာယ္မ်ားကို ၾကိဳတင္ကာကြယ္ေပးေစလိုေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာဆိုလ်က္ရွိရသည္။

– ကိုတိုးၾကီး(မံုရြာ)

Unicode

ဆီဖြည့်နေစဉ် ဖုန်းပြောဆိုမှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ကာ လူတစ်ယောက် သေဆုံး

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး မုံရွာ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုရပ်ကွက်တွင် ယခုလ ၂၃ ရက်မနက် ၁ နာရီအချိန်ခန့်က ဆီဘောက်ဆာတွဲယာဉ်အား ဆီဖြည့်နေစဉ် ဆီဖြည့်နေသူက လက်ကိုင်ဖုန်းပြောဆိုမှု ကြောင့် ရုတ်တရက်မီးလောင်ပေါက်ကွဲကာ လူတစ်ဦးသေဆုံးသွားကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျာက္ကာမြောက်ရွာ ရေနံချက်ဖိုရပ်ကွက်ရှိ ဦးသန်းထွန်းဦး၏ ရေနံချက်ဖိုတွင် ဆီဘောက်ဆာနောက်တွဲယာဉ် ယာဉ်အမှတ် YGN / 9K 78 …. (18) ဘီးနောက်တွဲယာဉ်မှာ ဒီဇယ်ဆီများဖြည့်နေစဉ် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၊ လက်ဝဲကျေးရွာနေ ကိုခိုင်မြင့်ဦး အသက်(၄၂) နှစ်ဆိုသူက လက်ကိုင်ဖုန်းပြောဆိုခဲ့ရာ

ဖုန်းလျှပ်စီးများနှင့် ဆီအခိုးငွေ့များထိတွေ့ပြီးနောက် ရုတ်တရက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားကာ ဆီဖြည့် ရင်ဖုန်းပြောဆိုသူ ကိုခိုင်မြင့်ဦးသည် ၎င်းနေရာတွင် မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်း မုံရွာခရိုင်မီးသတ် တပ်ဖွဲ့၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်ဆီ (၅၀) ဂါလံ၊ မြေစိုက်နံကပ် တစ်ထပ်တိုက်(၁)လုံး၊ကားတာယာ (၇) လုံး ၊ လက်ကိုင်ဖုန်း(၁)လုံး နှင့် ဆီဖြည့်သည့် ဆီဂေါက်(၁) ခုတို့ပျက်စီးဆုံးရှုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှု တန်ဘိုးမှာ ၇၅၅၀၀၀ ကျပ်ဖြစ်သည်ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှ ခန့်မှန်းတွက်ချက်ထားသည်။

ဆီဖြည့်နေစဉ် ဖုန်းပြောဆိုသဖြင့် ရုတ်တရက် မီးလောင်ပေါက်ကွဲမှုများ မကြာခဏဆိုသလို အဆိုပါ ဒေသတွင် ဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော လအနည်းခန့်ကလည် အလားတူ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာ ဌာနများမှ အဆိုပါ ဒေသတွင် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ၊ မီးငြိမ်သတ်မှု သရုပ်ပြ သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ပို့ချသင်ကြားပေးခြင်းဖြင့် ဆီလုပ်သားများ၏ အသက်ဘေး အန္တရာယ်များကို ကြိုတင်ကာကွယ်ပေးစေလိုကြောင်း ဒေသခံပြည်သူများက ပြောဆိုလျက်ရှိရသည်။

– ကိုတိုးကြီး(မုံရွာ)

Facebook Comments
908 Shares