ေမြးကတည္းက ဦးေႏွာက္မပါဘဲ ေမြးလာတဲ့ကေလးေလးရဲ႕ ထူးျခားတဲ့အျဖစ္အပ်က္

1403

ကေလးမိဘမ်ားျဖစ္တဲ့ Shelley နဲ႕ Rob Wall တို႕ဇနီးေမာင္ႏွံႏွစ္ဦးဟာ ခက္ခက္ခဲခဲကိုယ္ဝန္ေဆာင္ခဲ့ရသူေတြမို႕ ကိုယ္ဝန္ရွိလာတဲ့အခါ သိပ္ကို ေပ်ာ္ရႊင္ခဲ့ၾကပါတယ္။ သို႕ေပမယ့္ OG နဲ႔ (၅) ႀကိမ္ေျမာက္ သြားျပၿပီးတဲ့ အခ်ိန္မွာေတာ့ ဆရာဝန္ုဟာ ကေလးကိုဖ်က္ခ်ပစ္ဖို႕ အၾကံေပးခဲ့ပါတယ္။

အေၾကာင္းအရင္းကေတာ့ သေႏၶသားမွာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏႈန္းကို မေတြ႕ရတာေၾကာင့္ပါ။ ဦးေႏွာက္စုစုေပါင္းရဲ႕ ၂% သာရွိေနတဲ့အတြက္ ေမြးထုတ္ခဲ့ရင္ေတာင္ ကေလးဟာ အသက္ရွင္ႏို္င္စြမ္း သိပ္ကိုနည္းလြန္းလွတာေၾကာင့္ ဖ်က္ခ်ဖို႕အတြက္ အၾကံေပးခဲ့တာပါ။ အခ်ိဳ႕ႏိုင္ငံေတြေတာ္ေတာ္မ်ားမ်ားမွာက ဗိုက္ထဲမွာသေႏၶသားအဆင့္ပဲရွိေနရင္ေတာင္ ဘာေရာဂါရွိလဲ၊ ဥာဏ္ရည္ဖြံ႕ၿဖိဳးမွာလား၊ ကိုယ္လက္အဂၤါစံုရဲ႕လားဆိုတာကို စစ္ေဆးေပးၿပီး အေကာငး္အတုိင္းမဟုတ္ခဲ့ဘူးဆိုရင္ ဖ်က္ခ်ပစ္ဖို႕အတြက္ ဆရာဝန္ေတြကိုယ္တုိင္ကကိုက တုိက္တြန္းေလ့ရွိပါတယ္။

ဒီအျပင္ ကေလးမွာက spina bifida လို႕ေခၚတဲ့ လကၡဏာတစ္မ်ိဳးကိုလည္း ရွာေတြ႕ခဲ့ပါေသးတယ္။ Spina bifida ဟာ ေအာက္ပိုင္းေသျခငး္နဲ႕ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ျခငး္တို႕ကို ျဖစ္ေစတာေၾကာင့္ ကံေကာင္ေထာက္မစြာန္႕ အသက္ရွင္ခဲ့မယ္ဆိုရင္ေတာင္ အဲဒီေဝဒနာေတြကို ခံစားရမွာပါ။

သို႕ေပမယ့္ Shelley နဲ႕ Rob တို႕ကေတာ့ ကေလးဖ်က္ခ်ဖို႕ကို ျငင္းဆန္ခဲ့ၿပီး Noah ေလးကို ေမြးထုတ္ခဲ့ပါတယ္။

Noah ေလးရဲ႕ ကုသိုလ္ကံအရမ္းေကာင္းတယ္လို႕ဆိုရမလားပဲ၊ ေမြးခင္းစက ၂% ႏႈန္းသာ ဦးေႏွာက္ရွိခဲ့ ကေလး (၃) ႏွစ္အရြယ္ေရာက္တဲ့အခ်ိန္မွာေတာ့ ဦးေႏွာက္ရဲ႕ ဖံြ႕ၿဖိဳးမႈႏႈန္းဟာ ၈၀% အထိကို တိုးတက္လာခဲ့ပါတယ္။ ဒါဟာ လံုးဝျဖစ္ေတာင့္ျဖစ္ခဲအေျခအေနတစ္ခုပါ။

ဆရာဝန္ေတြကိုယ္တိုင္ကိုယ္က တအံ့တၾသျဖစ္ခဲဲ့ရပါတယ္။ ဆရာဝန္ေတြဟာ ေဆးပညာအရ ဒီလိုမ်ိဳး ဦးေႏွာက္ထပ္မံဖြံ႕ၿဖိဳးလာမယ္ဆိုရင္ေတာင္မွ ကေလးဟာ စကားမေျပာႏိုင္၊ အျမင္အာရံုနဲ႕အၾကားအာရံုခ်ိဳ႕ယြင္းၿပီး အစာပါမစားႏိုင္ဘူးလို႕ ခန္႕မွန္းထားခဲ့ေပမယ့္ ထူးဆန္းစြာ Noah ေလးကကေတာ့ အကုန္လံုးကို လုပ္ႏုိင္ခဲ့တာပါ။

သာမန္နဲ႕မတူဘဲ အသက္အရြယ္နဲ႕လိုက္ကာ ဦးေႏွာက္ဖြံ႕ၿဖိဳးလာတဲ့အတြက္ေၾကာင့္ စိတ္က်န္းမာေရး အနည္းငယ္ခ်ိဳ႕တဲ့ေနေပမယ့္ သင္ျမန္၊ တတ္ျမန္ ထက္ထက္ျမက္ျမက္ရွိတဲ့ ကေလးတစ္ေယာက္ပါ။ (၆) ႏွစ္သားအရြယ္ ရွိေနၿပီျဖစ္တဲ့ Noah ဟာ လမ္းေလွ်ာက္ဖို႕ကိုေတာ့ ေလ့က်င့္ေနဆဲျဖစ္ၿပီး ေရလိႈင္းစီးကိုသင္ယူေနတယ္လို႔သိရပါတယ္။ ေရလိႈင္းစီးတာတတ္သြားၿပီဆိုရင္ေတာ့ ေရခဲစကိတ္စီးတာသင္ဦးမယ္လို႕လည္း သိရပါတယ္။

ဖခင္ျဖစ္သူ Rob ဟာ ဆရာဝန္ကဖ်က္ခ်ခို္င္းတဲ့အၾကံအေပၚ လူငယ္မိဘေတြဆိုရင္ေတာ့ လုပ္ေကာင္းလုပ္ႏုိ္င္ေပမယ့္ သူတို႕က်ေတာ့ အသက္လည္းႀကီးၿပီျဖစ္တာေၾကာင့္ ကိုယ့္ရင္ေသြးကိုဖ်က္ခ်ပစ္လိုက္ဖို႕ သတၱိမရွိခဲ့ေၾကာင္း၊ ဒါေၾကာင့္ Noah ကို အခြင့္အေရးတစ္ခုေပးခဲ့တာျဖစ္ေၾကာင့္ ေျပာခဲ့ပါတယ္။

Credit#burmeseasia

ကလေးမိဘများဖြစ်တဲ့ Shelley နဲ့ Rob Wall တို့ဇနီးမောင်နှံနှစ်ဦးဟာ ခက်ခက်ခဲခဲကိုယ်ဝန်ဆောင်ခဲ့ရသူတွေမို့ ကိုယ်ဝန်ရှိလာတဲ့အခါ သိပ်ကို ပျော်ရွှင်ခဲ့ကြပါတယ်။ သို့ပေမယ့် OG နဲ့ (၅) ကြိမ်မြောက် သွားပြပြီးတဲ့ အချိန်မှာတော့ ဆရာဝန်ုဟာ ကလေးကိုဖျက်ချပစ်ဖို့ အကြံပေးခဲ့ပါတယ်။

အကြောင်းအရင်းကတော့ သန္ဓေသားမှာ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို မတွေ့ရတာကြောင့်ပါ။ ဦးနှောက်စုစုပေါင်းရဲ့ ၂% သာရှိနေတဲ့အတွက် မွေးထုတ်ခဲ့ရင်တောင် ကလေးဟာ အသက်ရှင်နိုင်စွမ်း သိပ်ကိုနည်းလွန်းလှတာကြောင့် ဖျက်ချဖို့အတွက် အကြံပေးခဲ့တာပါ။ အချို့နိုင်ငံတွေတော်တော်များများမှာက ဗိုက်ထဲမှာသန္ဓေသားအဆင့်ပဲရှိနေရင်တောင် ဘာရောဂါရှိလဲ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှာလား၊ ကိုယ်လက်အင်္ဂါစုံရဲ့လားဆိုတာကို စစ်ဆေးပေးပြီး အကောင်းအတိုင်းမဟုတ်ခဲ့ဘူးဆိုရင် ဖျက်ချပစ်ဖို့အတွက် ဆရာဝန်တွေကိုယ်တိုင်ကကိုက တိုက်တွန်းလေ့ရှိပါတယ်။

ဒီအပြင် ကလေးမှာက spina bifida လို့ခေါ်တဲ့ လက္ခဏာတစ်မျိုးကိုလည်း ရှာတွေ့ခဲ့ပါသေးတယ်။ Spina bifida ဟာ အောက်ပိုင်းသေခြင်းနဲ့ စိတ်ကျန်းမာရေးချို့တဲ့ခြင်းတို့ကို ဖြစ်စေတာကြောင့် ကံကောင်ထောက်မစွာန့် အသက်ရှင်ခဲ့မယ်ဆိုရင်တောင် အဲဒီဝေဒနာတွေကို ခံစားရမှာပါ။

သို့ပေမယ့် Shelley နဲ့ Rob တို့ကတော့ ကလေးဖျက်ချဖို့ကို ငြင်းဆန်ခဲ့ပြီး Noah လေးကို မွေးထုတ်ခဲ့ပါတယ်။

Noah လေးရဲ့ ကုသိုလ်ကံအရမ်းကောင်းတယ်လို့ဆိုရမလားပဲ၊ မွေးခင်းစက ၂% နှုန်းသာ ဦးနှောက်ရှိခဲ့ ကလေး (၃) နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ ၈၀% အထိကို တိုးတက်လာခဲ့ပါတယ်။ ဒါဟာ လုံးဝဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုပါ။

ဆရာဝန်တွေကိုယ်တိုင်ကိုယ်က တအံ့တသြဖြစ်ခဲ့ရပါတယ်။ ဆရာဝန်တွေဟာ ဆေးပညာအရ ဒီလိုမျိုး ဦးနှောက်ထပ်မံဖွံ့ဖြိုးလာမယ်ဆိုရင်တောင်မှ ကလေးဟာ စကားမပြောနိုင်၊ အမြင်အာရုံနဲ့အကြားအာရုံချို့ယွင်းပြီး အစာပါမစားနိုင်ဘူးလို့ ခန့်မှန်းထားခဲ့ပေမယ့် ထူးဆန်းစွာ Noah လေးကကတော့ အကုန်လုံးကို လုပ်နိုင်ခဲ့တာပါ။

သာမန်နဲ့မတူဘဲ အသက်အရွယ်နဲ့လိုက်ကာ ဦးနှောက်ဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် စိတ်ကျန်းမာရေး အနည်းငယ်ချို့တဲ့နေပေမယ့် သင်မြန်၊ တတ်မြန် ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတစ်ယောက်ပါ။ (၆) နှစ်သားအရွယ် ရှိနေပြီဖြစ်တဲ့ Noah ဟာ လမ်းလျှောက်ဖို့ကိုတော့ လေ့ကျင့်နေဆဲဖြစ်ပြီး ရေလှိုင်းစီးကိုသင်ယူနေတယ်လို့သိရပါတယ်။ ရေလှိုင်းစီးတာတတ်သွားပြီဆိုရင်တော့ ရေခဲစကိတ်စီးတာသင်ဦးမယ်လို့လည်း သိရပါတယ်။

ဖခင်ဖြစ်သူ Rob ဟာ ဆရာဝန်ကဖျက်ချခိုင်းတဲ့အကြံအပေါ် လူငယ်မိဘတွေဆိုရင်တော့ လုပ်ကောင်းလုပ်နိုင်ပေမယ့် သူတို့ကျတော့ အသက်လည်းကြီးပြီဖြစ်တာကြောင့် ကိုယ့်ရင်သွေးကိုဖျက်ချပစ်လိုက်ဖို့ သတ္တိမရှိခဲ့ကြောင်း၊ ဒါကြောင့် Noah ကို အခွင့်အရေးတစ်ခုပေးခဲ့တာဖြစ်ကြောင့် ပြောခဲ့ပါတယ်။

Facebook Comments
1K Shares