သီလ႐ွင္​ဝတ္​ရျခင္​းအက်ိဳး

27780

မသိ​ေသးသူမ်ားရွယ္​ထားပါ
သီလ႐ွင္​ဝတ္​ရျခင္​းအက်ိဳး

သီလရွင္ ဝတ္ျခင္းသည္
ဗုဒၶစာေပတြင္
၁။ဥပသမၸဒ ပဗၺဇၨ
၂။သာမေဏရပဗၺဇၨ
၃။ဣသိပဗၺဇၨႏွင့္
၄။ပရိဗၺာဇက ပဗၺဇၨ ဟူ၍ ပဗၺဇၨ ေလးမ်ိဳးရိွပါသည္။

ရဟန္းျပဳျခင္း၊ သာမေဏျပဳျခင္း၊ ရေသ့ ျခင္းႏွင့္ သီလရွင္ျပဳျခင္းဟု ဆိုရပါမည္။

သီလရွင္မွာ အမွတ္ (၄) ပရိဗၺာဇက ပဗၺဇၨ ျဖစ္၍ အမ်ိဳးသမီးမ်ားအေနျဖင့္ ဝမ္းေျမာက္ ဂုဏ္ယူဖြယ္ေကာင္းလွပါသည္။

အမွန္အားျဖင့္ မိန္းကေလးတစ္ဦးအေနႏွင့္ မိမိ၏ အလွအပ ဗန္းတင္ ပစၥည္းျဖစ္ေသာ ဆံပင္ကို ရိတ္ပယ္လိုက္ႏိုင္ျခင္းပင္ အလြန္ခဲယဥ္းေသာကိစၥျဖစ္၍ပစၥည္းဥစၥာ ရတနာေရႊေငြတို႔ကို စြန္႔လႊတ္သကဲ့သို႔ ေနကၡမၼပါရမီတစ္မ်ိဳးပင္ ျဖစ္ပါသည္။

ထို႔ေနာက္လူဝတ္ေၾကာင္ကို ပယ္၍ သီလရွင္ ဝတ္ ဖန္ရည္ဆိုးဝတ္ကို ဝတ္ကာလူတို႔ ေဆာက္တည္ႏိုင္ ခဲေသာ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလမ်ားကို နိစၥေဆာက္တည္ ေနႏိုင္ျခင္း စာေပက်မ္းဂန္သင္ အံႏိုင္ျခင္း တရားစာေပ ေလ့လာျခင္း သမထ ဝိပႆနာဘာဝနာမ်ားကို ပြားမ်ားေနထိုင္းျခင္း စသည္ျဖင့္ ဘုရားသာသနာကို ခ်ီးေျမႇာက္ႏိုင္ျခင္းမွာ မိန္းမဘဝပင္ ျဖစ္ေသာ္လည္း ျမင့္ျမတ္လွပါသည္။

ဘဝေပါင္းမ်ားစြာက လင္ယူသားေမြး ေလာကီေရးကိစၥမ်ားျဖင့္သာ အကုသိုလ္နယ္ပယ္ ဒုဂၢတိ နယ္ပယ္တြင္ က်င္လည္ရာက်င္လည္ေၾကာင္း က်င့္ၾကံေနခဲ့ရာမွ ယခုဘုရားသာသနာ၌ ေတြ႕ခိုက္တြင္ မဂ္ဖိုလ္ ရေရး အသက္ေပး အားထုတ္ရျခင္း သာသနာ့ႏြယ္ဝင္ ျဖစ္ခြင့္ရျခင္းတို႔မွာ ဘဝ၏အႏွစ္သာရ အစစ္ပင္ျဖစ္ပါသည္။

သမီးကို မိမိတို႔ကိုယ္တိုင္ သာသနာ့ႏြယ္ဝင္ အျဖစ္သို႔ ပို႔ေဆာင္ေပးၾကေသာ မိဘမ်ားမွာလည္း သာသနႏုဂၢဟ ကုသိုလ္ထူးကို ဆည္းပူးၾကသူမ်ားပင္ ျဖစ္၍ လြန္စြာ အက်ိဳးႀကီးလွပါသည္။

ဒါ့ေၾကာင့္ သီလရွင္ဝတ္ျခင္းမွာ အက်ိဳးေက်းဇူး မ်ားလွပါသည္။

ၿပီး​ေတာ့မိန္းကေလးတစ္ဦးအေနျဖင့္မိမိ၏
အလွအပအေနအားျဖင့္ဗန္းတင္ပစၥည္းျဖစ္ေသာ
ဆံပင္ကိုရိတ္ပယ္လိုက္ျခင္းသည္ပင္အလြန္ခဲယဥ္းေသာကိစၥျဖစ္၍ပစၥည္းဥစၥာရတနာေတြကိုစြန္႔ပစ္ရသကဲ႔သို႔နိကၡမပါရမီ တစ္မ်ိဳးပင္ျဖစ္သည္ ။

ထို႕ေနာက္မွာေတာ့ ဖန္ရည္သကၤန္းဆင္ျမန္းျပီး
လူတို႕ေစာင့္ထိန္းနိုင္ခဲေသာ ၈ ပါး ၉ပါး စတဲ႕သီလေတြကို ေစာင့္ထိန္းရေတာ့မွာပင္ျဖစ္သည္ဗုဒၶရဲ႕စာေပပရိယတ္ေတြကို သင္အံပို႔ခ်နိုင္မည္လည္းျဖစ္သည္

ဘဝေပါင္းမ်ားစြာက လင္ယူ သားေမြးကိစၥေတြနွင့္
အခ်ိန္ကုန္ခဲ႔သမွ် ဘုရားသာသနာေတာ္ေရာက္မွ
တရားဘာဝနာေတြနွင့္ေတြ႕ခိုက္မဂ္ေရး ဖိုလ္ေရး နိဗၺာန္အေရးကို ေတြးနိုင္မည္လည္းျဖစ္သည္ ။

တခ်ိဳ႕က သီလရွင္ဆရားေလး ဆရာႀကီးမ်ားကို
လူတို႕နွင့္တန္းတူပုံစံမ်ိဳးအေနထားနွင့္ဆက္ဆံႀကသည္
ကန္ေတာ့စရာမလိုဘူးဟုပင္ေတြးထားသူမ်ားလည္း
ေတြ႕ဖူး ျမင္ဖူး ႀကံဳဖူးေသး၏ ။

အမ်ိဳးသမီး တစ္ဦးဟာ သီလရွင္ဝတ္ေတာ့မည္ဆိုရင္ရဟန္း (သို႔မဟုတ္ ) သီလရွင္ ဆရာႀကီးဆီမွာ ၈ ပါး ၉ ပါးစတဲ႕သီလေတြကိုအရင္ေဆာက္တည္ျပီးမွအရင္သီလယူျပီးမွသာလွ်င္ ဝတ္နိုင္သည္ ။သီလရွင္ျဖစ္သြားျပီဆိုတာနွင့္ လိင္ဆယ္ပါးဒဏ္ဆယ္ပါး ေသခိယ ၇၅ ပုဒ္စတဲ႔ စာေပေတြကို ေစာင့္ထိန္းျပီးစတင္သင္အံရေတာ့မည္ျဖစ္သည္ ။

တခ်ိဳ႕ေယာက်ာ္းသားမ်ားကေျပာေသးသည္သီလရွင္ဆိုတာကလည္းမိန္းမထဲကမိန္းမပါပဲ ငါတို႕ကေယာက္်ားေလးပဲ ရွိခိုးစရာမလိုပါဘူးအရိုေသေပးစရာမလိုပါဘူးဟုဆိုႀကသည္ ။မိန္းကေလးရွိခိုးရင္ ဘုန္းကံနိမ့္တယ္ဟုပင္
တခ်ိဳ႕ေသာသူမ်ားထင္ႀကေလသည္ကိုယ္ေစာင့္ထိန္းတာကငါးပါးသီလေလာက္နဲ႕၈ ပါး ၉ ပါး ေစာင့္ထိန္းေနေသာသူမ်ားကိုမေလးမစားျပဳမူစရာမလိုေပ ။

အထက္မွာေဖာ္ျပခဲ႔တဲ႕အေႀကာင္းအရာ ထိုဂုဏ္ရည္ေတြနွင့္ပင္ သီလရွင္ဆရာေလး ဆရာႀကီးမ်ားကို
ရွိခိုးသင့္ / မသင့္ ဆိုတာနွင့္ တန္းတူထားခြင့္ရွိ /မရွိဆိုတာကို သိနိုင္ေပမည္ ။

ထို႕ေႀကာင့္ သီလရွင္ဆရာေလး ဆရာႀကီးမ်ားကို
တန္းတူထာျခင္း မရိုမေသျပဳျခင္း မရွိခိုးျခင္းမ်ား
မျပဳလုပ္မိပါေစနွင့္ တခိ်ဳ႕လူေတြမေလးမစားနဲ႕
ျပဳမူဆက္ဆံတာမ်ားကိုျမင္ေတြ႕ရေတာ့
မ်ားစြာစိတ္ပ်က္စရာျဖစ္ရသည္ ။

သီလရွင္ဆရာေလး ဆရာႀကီးမ်ားကို ႀကည္ညိဳေလးစားနုိင္ႀကသူမ်ားျဖစ္ႀကပါေစ……။

ျပန္​​လည္​​ေဝမွ်သူ
မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)

Unicode

မသိသေးသူများရှယ်ထားပါ

သီလရှင်ဝတ်ရခြင်းအကျိုး

သီလရှင် ဝတ်ခြင်းသည်
ဗုဒ္ဓစာပေတွင်
၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။သာမဏေရပဗ္ဗဇ္ဇ
၃။ဣသိပဗ္ဗဇ္ဇနှင့်
၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့
ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။

ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာလူတို့ ဆောက်တည်နိုင် ခဲသော၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန်သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူသားမွေး
လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။

ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။

ပြီးတော့မိန်းကလေးတစ်ဦးအနေဖြင့်မိမိ၏အလှအပအနေအားဖြင့်ဗန်းတင်ပစ္စည်းဖြစ်သောဆံပင်ကိုရိတ်ပယ်လိုက်ခြင်းသည်ပင်အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ပစ္စည်းဥစ္စာရတနာတွေကိုစွန့်ပစ်ရသကဲ့သို့နိက္ခမပါရမီ တစ်မျိုးပင်ဖြစ်သည် ။

ထို့နောက်မှာတော့ ဖန်ရည်သင်္ကန်းဆင်မြန်းပြီးလူတို့စောင့်ထိန်းနိုင်ခဲသော ၈ ပါး ၉ပါး စတဲ့သီလတွေကိုစောင့်ထိန်းရတော့မှာပင်ဖြစ်သည်ဗုဒ္ဓရဲ့စာပေပရိယတ်တွေကို သင်အံပို့ချနိုင်မည်လည်းဖြစ်သည်

ဘဝပေါင်းများစွာက လင်ယူ သားမွေးကိစ္စတွေနှင့်အချိန်ကုန်ခဲ့သမျှ ဘုရားသာသနာတော်ရောက်မှတရားဘာဝနာတွေနှင့်တွေ့ခိုက်မဂ်ရေး ဖိုလ်ရေး နိဗ္ဗာန်အရေးကိုတွေးနိုင်မည်လည်းဖြစ်သည် ။

တချို့က သီလရှင်ဆရားလေး ဆရာကြီးများကိုလူတို့နှင့်တန်းတူပုံစံမျိုးအနေထားနှင့်ဆက်ဆံကြသည်ကန်တော့စရာမလိုဘူးဟုပင်တွေးထားသူများလည်းတွေ့ဖူး မြင်ဖူး ကြုံဖူးသေး၏ ။

အမျိုးသမီး တစ်ဦးဟာ သီလရှင်ဝတ်တော့မည်ဆိုရင်ရဟန်း (သို့မဟုတ် ) သီလရှင် ဆရာကြီးဆီမှာ၈ ပါး ၉ ပါးစတဲ့သီလတွေကိုအရင်ဆောက်တည်ပြီးမှအရင်သီလယူပြီးမှသာလျှင် ဝတ်နိုင်သည် ။သီလရှင်ဖြစ်သွားပြီဆိုတာနှင့် လိင်ဆယ်ပါး
ဒဏ်ဆယ်ပါး သေခိယ ၇၅ ပုဒ်စတဲ့ စာပေတွေကိုစောင့်ထိန်းပြီးစတင်သင်အံရတော့မည်ဖြစ်သည် ။

တချို့ယောကျာ်းသားများကပြောသေးသည်သီလရှင်ဆိုတာကလည်းမိန်းမထဲကမိန်းမပါပဲ ငါတို့ကယောက်ျားလေးပဲ ရှိခိုးစရာမလိုပါဘူးအရိုသေပေးစရာမလိုပါဘူးဟုဆိုကြသည် ။မိန်းကလေးရှိခိုးရင် ဘုန်းကံနိမ့်တယ်ဟုပင်တချို့သောသူများထင်ကြလေသည်ကိုယ်စောင့်ထိန်းတာကငါးပါးသီလလောက်နဲ့၈ ပါး ၉ ပါး စောင့်ထိန်းနေသောသူများကို မလေးမစားပြုမူစရာမလိုပေ ။

အထက်မှာဖော်ပြခဲ့တဲ့အကြောင်းအရာထိုဂုဏ်ရည်တွေနှင့်ပင် သီလရှင်ဆရာလေး ဆရာကြီးများကိုရှိခိုးသင့် / မသင့် ဆိုတာနှင့် တန်းတူထားခွင့်ရှိ /မရှိဆိုတာကို သိနိုင်ပေမည် ။

ထို့ကြောင့် သီလရှင်ဆရာလေး ဆရာကြီးများကိုတန်းတူထာခြင်း မရိုမသေပြုခြင်း မရှိခိုးခြင်းများ မပြုလုပ်မိပါစေနှင့် တချို့လူတွေမလေးမစားနဲ့ပြုမူဆက်ဆံတာများကိုမြင်တွေ့ရတော့ များစွာစိတ်ပျက်စရာဖြစ်ရသည် ။

သီလရှင်ဆရာလေး ဆရာကြီးများကိုကြည်ညိုလေးစားနိုင်ကြသူများဖြစ်ကြပါစေ……။

ပြန်လည်ဝေမျှသူ
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)

Facebook Comments
42K Shares