လူေပ်ာက္ေၾကာ္ျငာတစ္ခု ျပန္ေတြ႔သြားပါၿပီ.. ေၾကာက္စရာအျဖစ္ႀကံဳခဲ့ရ

1746

လူေပ်ာက္ေၾကာ္ျငာတစ္ခု ျပန္ေတြ႔သြားပါၿပီ.. ေၾကာက္စရာအျဖစ္ႀကံဳခဲ့ရ

လူျပန္ေတြ႔ၿပီး ေၾကာက္စရာအျဖစ္ၾကံဳခဲ့ရ

ေမႀကီးေပ်ာက္ဆံုးခဲ့စဥ္က ျဖစ္စဥ္ကိုရွင္းျပပါ့မယ္။

ေမႀကီးက ၂၀၁၉ခုႏွစ္ ၂လပိုင္း ၁၆ရက္ေန႔ညေနက သမိုင္းဘူတာေစ်းမွေစ်းဝယ္ၿပီး အိမ္သို႔အျပန္ နံပါတ္၁၅ကားေပၚမတက္ခင္မွာ အမ်ိဳးသမီးတစ္ဦးက ဒူးနာေနလို႔ သူ႔ကိုကားေပၚတြဲတင္ေပးဖို႔အကူအညီေတာင္းပါတယ္။

ကားေပၚမွာ ေဘးခ်င္းကပ္ေနရာရၿပီး သမိုင္းလမ္းဆံုနားေလာက္အေရာက္မွာ ေမႀကီးကို “အစ္မ ေခါင္းမူးေနလား…ဒီမွာရႉေဆး”ဆိုၿပီး ႏွာေခါင္းနားကိုလက္ကလာၿပီးတို႔ပါတယ္။

ေမႀကီးက ခ်ိဳခ်ိဳအီအီအနံ႔ႀကီးရလို႔ ခ်က္ခ်င္းပုတ္ထုတ္လိုက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီ့အခ်ိန္ေနာက္ပိုင္းကစၿပီးဘာျဖစ္တယ္ဆိုတာကိုမမွတ္မိပါဘူး။

ေနာက္ေန႔မနက္ေဝလီေဝလင္းေလာက္မွာ ပ်ဥ္းမနားဘူတာရံုေရာက္ေနတယ္ဆိုၿပီး အနားကသူေတြလာႏွိုးမွ သတိဝင္လာပါတယ္။

ပ်ဥ္းမနားက ကန္ဦးမဟာစည္ဘုန္းႀကီးေက်ာင္းမွာ တည္းခိုၿပီး ၂၀၁၉ခုႏွစ္ ၂လပိုင္း ၂၂ရက္ေန႔မွာ အိမ္နဲ႔ အဆက္အသြယ္ျပန္ရၿပီး ပ်ဥ္းမနားကေန ရန္ကုန္ေနအိမ္ကို ျပန္ေရာက္ေနပါၿပီ

phနဲ႔ ပိုက္ဆံ ၁သိန္းခြဲနီးပါးပါသြားပါတယ္…လူေတာ့ဘာထိခိုက္ဒဏ္ရာမွမရွိပါဘူး…

စိတ္ပူေပးၾကသူမ်ား၊ သတင္းေမးၾကသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္။ Wuttye Thin

Unicode

လူပျောက်ကြော်ငြာတစ်ခု ပြန်တွေ့သွားပါပြီ.. ကြောက်စရာအဖြစ်ကြုံခဲ့ရ

လူပြန်တွေ့ပြီး ကြောက်စရာအဖြစ်ကြုံခဲ့ရ

မေကြီးပျောက်ဆုံးခဲ့စဉ်က ဖြစ်စဉ်ကိုရှင်းပြပါ့မယ်။

မေကြီးက ၂၀၁၉ခုနှစ် ၂လပိုင်း ၁၆ရက်နေ့ညနေက သမိုင်းဘူတာစျေးမှစျေးဝယ်ပြီး အိမ်သို့အပြန် နံပါတ်၁၅ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့အကူအညီတောင်းပါတယ်။

ကားပေါ်မှာ ဘေးချင်းကပ်နေရာရပြီး သမိုင်းလမ်းဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလား…ဒီမှာရှူဆေး”ဆိုပြီး နှာခေါင်းနားကိုလက်ကလာပြီးတို့ပါတယ်။

မေကြီးက ချိုချိုအီအီအနံ့ကြီးရလို့ ချက်ချင်းပုတ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်နောက်ပိုင်းကစပြီးဘာဖြစ်တယ်ဆိုတာကိုမမှတ်မိပါဘူး။

နောက်နေ့မနက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနားဘူတာရုံရောက်နေတယ်ဆိုပြီး အနားကသူတွေလာနှိုးမှ သတိဝင်လာပါတယ်။

ပျဉ်းမနားက ကန်ဦးမဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး ၂၀၁၉ခုနှစ် ၂လပိုင်း ၂၂ရက်နေ့မှာ အိမ်နဲ့ အဆက်အသွယ်ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ်ကို ပြန်ရောက်နေပါပြီ။

phနဲ့ ပိုက်ဆံ ၁သိန်းခွဲနီးပါးပါသွားပါတယ်…လူတော့ဘာထိခိုက်ဒဏ်ရာမှမရှိပါဘူး…

စိတ်ပူပေးကြသူများ၊ သတင်းမေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ Wuttye Thin

Facebook Comments
914 Shares