ေအးျမတ္သူကုိမုဒိမ္းက်င္႔ခဲ႔ပါက အရိေမတၱယ်ဘုရားပြင့္သည္အထိ အပါယ္က်ပါေစဟု က်ိန္ဆိုကာပန္းေသတာဟာ (၁၀) ႏွစ္ေက်ာ္ပါၿပီ….!!

14343

၎က အဓမၼက်ဴးလြန္ခဲ့ၿပီးေနာက္ ကေလးရ႐ွိခဲ့သည္ဟူေသာ စြပ္စြဲခ်က္မွာ မွားယြင္းေၾကာင္းႏွင့္ ယင္း စြပ္စြဲခ်က္မ်ား မွန္ကန္ပါက အပါယ္ေလးဘံုတြင္ အရိေမတၱယ်ဘုရားပြင့္သည္အထိ ခံစားရပါေစေၾကာင္း စြပ္စြဲခံရသူ ဦးမင္းေဆြက က်ိန္ဆိုခဲ့သည္။

အသက္ (၁၅) ႏွစ္အရြယ္ ဝန္ထမ္းမိန္းကေလးကို အဓမၼက်ဴးလြန္ခ့ဲသည္ဟု စြပ္စြဲခံေနရသူ Great Light ကိုယ္ပိုင္အထက္တန္းေက်ာင္းပိုင္႐ွင္ ဦးမင္းေဆြက ယခုလ (၂၂) ရက္က ရန္ကုန္ၿမိဳ႕၊ House of Orchid တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ယင္းသို႔ က်ိန္ဆိုခဲ့ျခင္း ျဖစ္သည္။

” အကၽြႏ္ုပ္သည္ ယခု မတရားစြပ္စြဲေနေသာ ေအးျမတ္သူ ၏ သားသည္ ကၽြႏ္ုပ္ႏွင့္ ပတ္သက္၍ ရ႐ွိေသာ ကေလးျဖစ္ပါက အပါယ္ေလးဘံုတြင္ အရိေမတၱယ်ဘုရား ပြင့္သည္ အထိ ခံစားရပါေစသား။ အကၽြႏ္ုပ္သည္ သားေၾကာျဖတ္ ထားတာ (၄၇) ႏွစ္ျဖစ္ပါတယ္

ပန္းေသတာဟာ (၁၀) ႏွစ္ေက်ာ္ပါၿပီ။ ကၽြႏု္ပ္သည္ ေအးျမတ္သူကို လံုးဝ မုဒိမ္းက်င့္တာ မ႐ွိပါ။ ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ အကၽြႏ္ုပ္သည္ အပါယ္ေလးဘံုမွ ကင္းလြတ္ၿပီး မဂ္ဖိုနိဗၺာန္ကို အျမန္ဆံုး ရ႐ွိရပါေစသတည္း။ အကၽြႏ္ုပ္သည္ ေအးျမတ္သူႏွင့္ လံုးဝ မသက္ဆိုင္ပါ ” ဟု ၎က က်ိန္ဆိုခဲ့သည္

အဓမၼက်ဴးလြန္ခံခဲ့ရသည္ဟု ဆိုေသာ အသက္ (၁၅)ႏွစ္အရြယ္႐ွိ မေအးျမတ္သူႏွင့္ မိသားစုကလည္းၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၉) ရက္က ရန္ကုန္ၿမိဳ႕၊ လမ္း (၅၀) ႐ွိ ျမန္မာဂ်ာနယ္လစ္ကြန္ရက္ ရံုးခန္းတြင္ သတင္းစာ႐ွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္

မရမ္းကုန္းၿမိဳ႕နယ္႐ွိ Great Light ကိုယ္ပိုင္ေက်ာင္းပိုင္႐ွင္ ဦးမင္းေဆြ က အဓမၼျပဳက်င့္သျဖင့္ ကိုယ္ဝန္ရ႐ွိခဲ့ကာ ယခုအခါတြင္ ႏွစ္လသားအရြယ္႐ွိေနေသာ သားေယာကၤ်ားေလး ေမြးဖြားထားေၾကာင္း အဓမၼက်ဴးလြန္ခံရသည္ဟု ဆိုသည့္ မေအးျမတ္သူက သတင္းစာ႐ွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။

၂၀၁၈ ခုႏွစ္၊ ေမလ (၁) ရက္ေန႔က အခန္းမ်ားသန္႔႐ွင္းေရး ျပဳလုပ္ေနစဥ္ ဦးမင္းေဆြက အဓမၼ ျပဳက်င့္ခဲ့ၿပီး ေနာက္ေန႔တြင္လည္း ထပ္မံျပဳက်င့္ခဲ့ေၾကာင္းႏွင့္ က်န္းမာေရး မေကာင္းလာသည့္အခါ စက္တင္ဘာလ (၄) ရက္ေန႔တြင္ ရြာသို႔ျပန္ၿပီး စက္တင္ဘာလ (၇) ရက္ေန႔တြင္ ကိုယ္ဝန္႐ွိေနသည္ကို သိရွိခဲ့ရေၾကာင္း မေအးျမတ္သူက မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

အဆိုပါျဖစ္စဥ္အတြက္ အမ်ိဳးသမီးငယ္၏ မိခင္က တရားလိုျပဳလုပ္၍ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင္ေနာင္ နယ္ေျမရဲစခန္းတြင္ ယခုလ (၁၉) ရက္ေန႔တြင္ အမွဳဖြင့္ခဲ့ၿပီး ရဲစခန္းက (ပ) ၃၃၅၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ လက္ခံအမွဳဖြင့္ထားသည္။

မေအးျမတ္သူသည္ ၎တို႔ Great Light ကိုယ္ပိုင္အထက္တန္းေက်ာင္းသို႔ မေရာက္မီတြင္ ေရႊျပည္သာျမိဳ႕နယ္၌ သြားေရာက္ အလုပ္လုပ္ကိုင္ခဲ့ၿပီး ယခုကဲ့သို႔ စြပ္စြဲမွဳျပႆနာမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္အာထရာေဆာင္းစစ္ေဆးခ်က္မ်ားအရ ေက်ာင္းသို႔ေရာက္႐ွိလာခ်ိန္တြင္ ကိုယ္ဝန္ (၂) လေက်ာ္ ပါလာခဲ့သည္ကိုေတြ႕ရေၾကာင္း၊ အဓမၼျပဳက်င့္သည္ဟု မေအးျမတ္သူက စြပ္စြဲခဲ့သည့္ ေန႔ရက္မ်ား၌ လည္း ၎၏ အခန္း၌သာ ႐ွိေနေၾကာင္း ဦးမင္းေဆြက ေျပာသည္။

ဦးမင္းေဆြ၏ သမီးျဖစ္သူ Great Light ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္ ေဒၚစုစုေဌးက ယခုျဖစ္စဥ္သည္ လိမ္လည္တိုင္ၾကားခဲ့ျခင္းျဖစ္ၿပီး ဖခင္ျဖစ္သူ က်ဴးလြန္သည္မွာ မွန္ကန္ပါက ရဲစခန္းတြင္ အမွဳဖြင့္ရန္ေျပာရာ အမွဳမဖြင့္လိုေၾကာင္းႏွင့္ ညိွႏိွဳင္းလိုေၾကာင္းသာ ကနဦးတြင္ေျပာၾကားခဲ့သျဖင့္ ေငြညွစ္သည္ဟုသာ ယူဆခဲ့ေၾကာင္း၊

အသေရဖ်က္မွဳျဖင့္ တရားစြဲရန္ စဥ္းစားခဲ့ေသာ္လည္း မိခင္ျဖစ္သူ၏ တားျမစ္မွဳေၾကာင့္ မဖြင့္ခဲ့ေၾကာင္း၊ ေနာက္ပိုင္း ကေလးေမြးဖြားၿပီးသည့္အခါတြင္မွ ဖခင္အမည္ကို ဦးမင္းေဆြဟု ထည့္ရန္ႀကိဳးစားသျဖင့္ ေဆးရံုသို႔ သြားေရာက္ ကန္႔ကြက္စာတင္ၿပီး ရဲစခန္းတြင္တိုင္ခ်က္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

အဓမၼက်ဴးလြန္သည္ဟု စြပ္စြဲခံထားရသူ ဦးမင္းေဆြသည္ ၁၉၉၀ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္သလို ယခုလက္႐ွိတြင္ NLD ပါတီ၏ ဖ်ာပံုျမိဳ႕နယ္ ဥကၠဌ တာဝန္ ထမ္းေဆာင္ေနၿပီး ၎ကလည္း ႏိုင္လံုဥပေဒ ပုဒ္မ (၁၀)ျဖင့္ ၎အားစြပ္စြဲခဲ့သူမ်ားကို ျပန္လည္ အမွဳဖြင့္ထားသည္။

ယင္းေၾကာင့္ မေအးျမတ္သူ အပါအဝင္ (၆) ဦးသည္ ဖ်ာပံုၿမိဳ႕နယ္တရားရံုးတြင္ ႏိုင္လံုပုဒ္မ (၁၀) ျဖင့္ အမွဳရင္ဆိုင္ေနသည္မွာ ရံုးခ်ိန္းသံုးခ်ိန္း႐ွိၿပီျဖစ္ကာ အာမခံရရွိထားသည္။ယခုကဲ့သို႔ စြပ္စြဲခံရမွဳအတြက္ DNA စစ္ေဆးရန္ လိုအပ္ပါက မိမိကိုယ္တိုင္ စရိတ္ကုန္က်ခံကာ ႏိုင္ငံျခားတြင္ စစ္ေဆးရန္ႏွင့္ သားေၾကားျဖတ္ထားျခင္း ဟုတ္မဟုတ္ကို စစ္ေဆးခံရန္ ဦးမင္းေဆြက စာတင္ထားသည္။

” ခံလည္း ခံရေသးတယ္။ အခ်ဳပ္အေႏွာင္လည္း ခံရ ေသးတယ္။ သမီးကိုယ္တိုင္ပဲ လုပ္မယ္။ သမီးမွားရင္လည္း သမီးခံသြားမယ္။ သမီးကေတာ့ မွားမယ္ လို႔ မထင္ဘူး။ သမီးက ခံထားရတဲ့လူ။ သူတို႔မွားရင္သူတို႔ခံရမယ္” ဟု မေအးျမတ္သူ က ျငမ္းမီဒီယာႏွင့္ သီးသန္႔ေတြ႕ဆံုစဥ္ ေျပာဆိုခဲ့သည္။ဓာတ္ပံု – ျငမ္း The Nyang NewsThe Lifestyle Myanmar

Unicode

၎င်းက အဓမ္မကျူးလွန်ခဲ့ပြီးနောက် ကလေးရရှိခဲ့သည်ဟူသော စွပ်စွဲချက်မှာ မှားယွင်းကြောင်းနှင့် ယင်း စွပ်စွဲချက်များ မှန်ကန်ပါက အပါယ်လေးဘုံတွင် အရိမေတ္တယျဘုရားပွင့်သည်အထိ ခံစားရပါစေကြောင်း စွပ်စွဲခံရသူ ဦးမင်းဆွေက ကျိန်ဆိုခဲ့သည်။

အသက် (၁၅) နှစ်အရွယ် ဝန်ထမ်းမိန်းကလေးကို အဓမ္မကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံနေရသူ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးမင်းဆွေက ယခုလ (၂၂) ရက်က ရန်ကုန်မြို့၊ House of Orchid တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

” အကျွန်ုပ်သည် ယခု မတရားစွပ်စွဲနေသော အေးမြတ်သူ ၏ သားသည် ကျွန်ုပ်နှင့် ပတ်သက်၍ ရရှိသော ကလေးဖြစ်ပါက အပါယ်လေးဘုံတွင် အရိမေတ္တယျဘုရား ပွင့်သည် အထိ ခံစားရပါစေသား။ အကျွန်ုပ်သည် သားကြောဖြတ် ထားတာ (၄၇) နှစ်ဖြစ်ပါတယ်။

ပန်းသေတာဟာ (၁၀) နှစ်ကျော်ပါပြီ။ ကျွနု်ပ်သည် အေးမြတ်သူကို လုံးဝ မုဒိမ်းကျင့်တာ မရှိပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် အပါယ်လေးဘုံမှ ကင်းလွတ်ပြီး မဂ်ဖိုနိဗ္ဗာန်ကို အမြန်ဆုံး ရရှိရပါစေသတည်း။ အကျွန်ုပ်သည် အေးမြတ်သူနှင့် လုံးဝ မသက်ဆိုင်ပါ ” ဟု ၎င်းက ကျိန်ဆိုခဲ့သည်

အဓမ္မကျူးလွန်ခံခဲ့ရသည်ဟု ဆိုသော အသက် (၁၅)နှစ်အရွယ်ရှိ မအေးမြတ်သူနှင့် မိသားစုကလည်းပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်က ရန်ကုန်မြို့၊ လမ်း (၅၀) ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်

မရမ်းကုန်းမြို့နယ်ရှိ Great Light ကိုယ်ပိုင်ကျောင်းပိုင်ရှင် ဦးမင်းဆွေ က အဓမ္မပြုကျင့်သဖြင့် ကိုယ်ဝန်ရရှိခဲ့ကာ ယခုအခါတွင် နှစ်လသားအရွယ်ရှိနေသော သားယောင်္ကျားလေး မွေးဖွားထားကြောင်း အဓမ္မကျူးလွန်ခံရသည်ဟု ဆိုသည့် မအေးမြတ်သူက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ်၊ မေလ (၁) ရက်နေ့က အခန်းများသန့်ရှင်းရေး ပြုလုပ်နေစဉ် ဦးမင်းဆွေက အဓမ္မ ပြုကျင့်ခဲ့ပြီး နောက်နေ့တွင်လည်း ထပ်မံပြုကျင့်ခဲ့ကြောင်းနှင့် ကျန်းမာရေး မကောင်းလာသည့်အခါ စက်တင်ဘာလ (၄) ရက်နေ့တွင် ရွာသို့ပြန်ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ရကြောင်း မအေးမြတ်သူက မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် အမျိုးသမီးငယ်၏ မိခင်က တရားလိုပြုလုပ်၍ မရမ်းကုန်းမြို့နယ် ဘုရင်နောင် နယ်မြေရဲစခန်းတွင် ယခုလ (၁၉) ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ရဲစခန်းက (ပ) ၃၃၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် လက်ခံအမှုဖွင့်ထားသည်။

မအေးမြတ်သူသည် ၎င်းတို့ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းသို့ မရောက်မီတွင် ရွှေပြည်သာမြို့နယ်၌ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ယခုကဲ့သို့ စွပ်စွဲမှုပြဿနာများဖြစ်ပေါ်ခဲ့ပြီးနောက်အာထရာဆောင်းစစ်ဆေးချက်များအရ ကျောင်းသို့ရောက်ရှိလာချိန်တွင် ကိုယ်ဝန် (၂) လကျော် ပါလာခဲ့သည်ကိုတွေ့ရကြောင်း၊ အဓမ္မပြုကျင့်သည်ဟု မအေးမြတ်သူက စွပ်စွဲခဲ့သည့် နေ့ရက်များ၌ လည်း ၎င်း၏ အခန်း၌သာ ရှိနေကြောင်း ဦးမင်းဆွေက ပြောသည်။

ဦးမင်းဆွေ၏ သမီးဖြစ်သူ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဒေါ်စုစုဌေးက ယခုဖြစ်စဉ်သည် လိမ်လည်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ ကျူးလွန်သည်မှာ မှန်ကန်ပါက ရဲစခန်းတွင် အမှုဖွင့်ရန်ပြောရာ အမှုမဖွင့်လိုကြောင်းနှင့် ညှိနှိုင်းလိုကြောင်းသာ ကနဦးတွင်ပြောကြားခဲ့သဖြင့် ငွေညှစ်သည်ဟုသာ ယူဆခဲ့ကြောင်း၊

အသရေဖျက်မှုဖြင့် တရားစွဲရန် စဉ်းစားခဲ့သော်လည်း မိခင်ဖြစ်သူ၏ တားမြစ်မှုကြောင့် မဖွင့်ခဲ့ကြောင်း၊ နောက်ပိုင်း ကလေးမွေးဖွားပြီးသည့်အခါတွင်မှ ဖခင်အမည်ကို ဦးမင်းဆွေဟု ထည့်ရန်ကြိုးစားသဖြင့် ဆေးရုံသို့ သွားရောက် ကန့်ကွက်စာတင်ပြီး ရဲစခန်းတွင်တိုင်ချက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဓမ္မကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ဦးမင်းဆွေသည် ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သလို ယခုလက်ရှိတွင် NLD ပါတီ၏ ဖျာပုံမြို့နယ် ဥက္ကဌ တာဝန် ထမ်းဆောင်နေပြီး ၎င်းကလည်း နိုင်လုံဥပဒေ ပုဒ်မ (၁၀)ဖြင့် ၎င်းအားစွပ်စွဲခဲ့သူများကို ပြန်လည် အမှုဖွင့်ထားသည်။

ယင်းကြောင့် မအေးမြတ်သူ အပါအဝင် (၆) ဦးသည် ဖျာပုံမြို့နယ်တရားရုံးတွင် နိုင်လုံပုဒ်မ (၁၀) ဖြင့် အမှုရင်ဆိုင်နေသည်မှာ ရုံးချိန်းသုံးချိန်းရှိပြီဖြစ်ကာ အာမခံရရှိထားသည်။ယခုကဲ့သို့ စွပ်စွဲခံရမှုအတွက် DNA စစ်ဆေးရန် လိုအပ်ပါက မိမိကိုယ်တိုင် စရိတ်ကုန်ကျခံကာ နိုင်ငံခြားတွင် စစ်ဆေးရန်နှင့် သားကြေားဖြတ်ထားခြင်း ဟုတ်မဟုတ်ကို စစ်ဆေးခံရန် ဦးမင်းဆွေက စာတင်ထားသည်။

” ခံလည်း ခံရသေးတယ်။ အချုပ်အနှောင်လည်း ခံရ သေးတယ်။ သမီးကိုယ်တိုင်ပဲ လုပ်မယ်။ သမီးမှားရင်လည်း သမီးခံသွားမယ်။ သမီးကတော့ မှားမယ် လို့ မထင်ဘူး။ သမီးက ခံထားရတဲ့လူ။ သူတို့မှားရင်သူတို့ခံရမယ်” ဟု မအေးမြတ်သူ က ငြမ်းမီဒီယာနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ဓာတ်ပုံ – ငြမ်း The Nyang NewsThe Lifestyle Myanmar

Facebook Comments
5K Shares