ဒုကိၡတျဖစ္ခ်ိန္မွာေတာင္ခ်စ္ေပးတဲ႔ခင္ပြန္းအေၾကာင္းေျပာျပတဲ႔ ေရႊရည္သိန္းတန္

8603

နာမည္ေက်ာ္အဆိုေတာ္ၾကီး တြံေတးသိန္းတန္ရဲ့ သမီး အဆိုေတာ္ ေရႊရည္သိန္းတန္ ကိုေတာ့ ပရိသတ္ေတြ ရင္းႏွီးျပီးသား ျဖစ္မွာပါ။

လက္ရွိမွာေတာ့ ေရႊရည္သိန္းတန္တေယာက္ကေတာ့ သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားျပီး သာယာတဲ့သူ႔အိမ္ေထာင္ေရးကို ဘယ္လိုျဖတ္သန္းခဲ့ရတယ္ဆိုတာကို ေျပာၾကားသြားခဲ့ပါတယ္။

The Radar နဲ႔ အင္တာဗ်ဴးမွာေတာ့ ေရႊရည္သိန္းတန္ကေတာ့ “ေယာက်ာ္းကေတာ့ အစပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြ လုပ္ပါတယ္။

အခုေတာ့ မလုပ္ေတာ့ပါဘူး။ ေရႊရည္ကေတာ့ လုပ္ဖို႔ ခြင့္ျပဳပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူလည္းအလုပ္လုပ္ ေရႊရည္လည္း အလုပ္လုပ္ဆိုေတာ့

ေနာက္ပိုင္းမွာ ေဝးကြာတာေတြ ရွိလာမယ္။ ျပီးေတာ့ အျပင္မွာလည္း စီးပြားေရးလုပ္ငန္းေလးေတြ လုပ္ထားတာရွိေတာ့ သူက ေရႊရည္ကို အေလ်ာ့ေပးလိုက္တာ”

အမ်ိဳးသားကုိယ့္အေပၚနားလည္ေပးမႈကိုလည္း ဘယ္လိုေလး ခံစားမိလဲ ဆိုတဲ့ အေပၚ “ေျပာရမယ္ဆိုရင္ေတာ့ ေရႊရည္အတြက္ကေတာ့ မိန္းမတေယာက္အတြက္

အိမ္ေထာင္တခုဆိုတာ ထီေပါက္သလိုပါပဲ။ ေယာက်ာ္း တေယာက္ရဲ့ ေဖးမမႈ ေစာင့္ေရွာက္မႈ နားလည္မႈေတြက ေရႊရည္တို႔လို မိန္းမေတြအတြက္ ရာႏႈန္းျပည့္လိုအပ္ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ထီေပါက္သလုိပါပဲ။ ဘာမွေျပာစရာမလိုေအာင္ ျဖည့္ဆည္းေပးတဲ့အတြက္လည္း သူ႔ကို ေက်းဇူးတင္ပါတယ္”

“စျပီးေတာ့ ၾကိဳက္တဲ့အခ်ိန္ေရာ အိမ္ေထာင္က်ခါစအခ်ိန္ေတြမွာေရာ သူငါ့ကိုဒီေလာက္ထိ သည္းခံႏိုင္မယ္လို႔ မထင္ထားခဲ့ဘူး။ ကံဆိုးခ်င္ေတာ့

ေရႊရည္တို႔ အိမ္ေထာင္က်ျပီး ၁ ႏွစ္ေလာက္မွာ Car Accident ျဖစ္သြားတယ္။ အဲ့မွာ ေရႊရည္ေအာက္ပိုင္းေသသြားတယ္။ ၆ လေလာက္ထိ အိပ္ရာထဲက

မထႏိုင္ဘူး။ အဲ့အခ်ိန္မွာ ေရႊရည္ကို အညစ္အေၾကးက အစေဘးမွာ နပ္စ္ မေခၚပဲ သူတေယာက္ထဲ လုပ္ေပးခဲ့တာ။ အဲ့လိုမ်ိဳး သူ႔ရဲ့ ဂရုစိုက္မႈေတြ

ဒုကိၡတ တေယာက္အေပၚမွာ စိတ္ဓါတ္မက်ပဲ လုပ္ေပးခဲ့တဲ့ သူ႔ရဲ့စိတ္ဓါတ္ေလးကို ေလးစားတယ္။ ပိုျပီးေတာ့လည္း ခ်စ္လာတယ္။ ဘာလို႔လဲဆိုေတာ့ ဒုကၡေရာက္မွ တေယာက္အေၾကာင္း တေယာက္ပိုသိလာတယ္”

ေရႊရည္သိန္းတန္ရဲ့ ခင္ပြန္းျဖစ္သူ ေနလကေတာ့ “ခြင့္လြတ္နားလည္ေပးတာက ဒုတိယအားပဲရွိေသးတယ္။ ကြ်န္ေတာ္အိမ္ေထာင္စက်တဲ့အခ်ိန္မွ

ာ ကေလးဆန္ျပီး သူ႔အေပၚမွာ ေတာ္ေတာ္ဆိုးတာ။ အခုခ်ိန္မွာ ျပန္ေတြးရင္ ငါေတာ္ေတာ္လြန္ပါလားေပါ့။ အဲ့ခ်ိန္မွာ သူသည္းမခံရင္သြားျပီ။ အဓိကကေတာ့

ကြ်န္ေတာ္တို႔မွာ အခ်စ္တခုတည္းလည္း မဟုတ္ဘူး။ သံေယာဇဥ္ေရာ သနားတာေရာ ၾကင္နာတာေရာ အဲ့လိုေလးေတြေပါ့။ တေယာက္နဲ႔ တေယာက္က တိုင္ပင္စရာ

ညိွစရာမလိုေတာ့ဘူး။ ရွာျပီးေတာ့ ျဖည့္စြက္ေပးေနတာဆိုေတာ့ ဘယ္သူမွ လာျပီးေတာ့ တိုက္ခိုက္လို႔မရေတာ့ပါဘူး”

ေရႊရည္သိန္းတန္ကေတာ့ “ဘယ္မိန္းမမွ အဆိုးေတြကို မလိုခ်င္ပါဘူး။ ဒါေပမယ့္လူတိုင္းမွာ ျဖစ္လာတဲ့ ကံၾကမၼာေတြ ရွိပါတယ္။ အဲ့ကံၾကမၼာေပၚမွာပဲ အေကာင္းဆံုး

ေလွ်ာက္လွမ္းဖို႔ လိုအပ္ပါတယ္။ အျမဲတမ္းၾကီးလည္း မေကာင္းေနသလို အျမဲတမ္းလည္း ဆိုးေနမွာ မဟုတ္ပါဘူး။ အေကာင္းကိုသြားႏိုင္တဲ့ သတၱိရွိရပါမယ္။

အဆိုးျဖစ္လာရင္လည္း အဲ့အဆိုးကုိ သင္ခန္းစာတခု အျဖစ္ေက်ာ္လႊားႏိုင္ဖို႔ အေကာင္းကို ေလွ်ာက္လွမ္းႏိုင္ဖို႔ မိန္းမတေယာက္မွာ သတၱိေတြ အမ်ားၾကီး လိုအပ္ပါတယ္။

ဘာသာေရးလည္း အမ်ားၾကီးလိုအပ္ပါတယ္” လို႔ ေျဖၾကားသြားခဲ့ပါတယ္။

Credit – nanmalgyi

Unicode

နာမည်ကျော်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သမီး အဆိုတော် ရွှေရည်သိန်းတန် ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။

လက်ရှိမှာတော့ ရွှေရည်သိန်းတန်တယောက်ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး

သာယာတဲ့သူ့အိမ်ထောင်ရေးကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို ပြောကြားသွားခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ ရွှေရည်သိန်းတန်ကတော့ “ယောကျာ်းကတော့ အစပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ပါတယ်။

အခုတော့ မလုပ်တော့ပါဘူး။ ရွှေရည်ကတော့ လုပ်ဖို့ ခွင့်ပြုပါတယ်။ နောက်ပိုင်းမှာတော့ သူလည်းအလုပ်လုပ် ရွှေရည်လည်း အလုပ်လုပ်ဆိုတော့

နောက်ပိုင်းမှာ ဝေးကွာတာတွေ ရှိလာမယ်။ ပြီးတော့ အပြင်မှာလည်း စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ထားတာရှိတော့ သူက ရွှေရည်ကို အလျော့ပေးလိုက်တာ”

အမျိုးသားကိုယ့်အပေါ်နားလည်ပေးမှုကိုလည်း ဘယ်လိုလေး ခံစားမိလဲ ဆိုတဲ့ အပေါ် “ပြောရမယ်ဆိုရင်တော့ ရွှေရည်အတွက်ကတော့

မိန်းမတယောက်အတွက် အိမ်ထောင်တခုဆိုတာ ထီပေါက်သလိုပါပဲ။ ယောကျာ်း တယောက်ရဲ့ ဖေးမမှု စောင့်ရှောက်မှု နားလည်မှုတွေက

ရွှေရည်တို့လို မိန်းမတွေအတွက် ရာနှုန်းပြည့်လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ထီပေါက်သလိုပါပဲ။ ဘာမှပြောစရာမလိုအောင် ဖြည့်ဆည်းပေးတဲ့အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်”

“စပြီးတော့ ကြိုက်တဲ့အချိန်ရော အိမ်ထောင်ကျခါစအချိန်တွေမှာရော သူငါ့ကိုဒီလောက်ထိ သည်းခံနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ကံဆိုးချင်တော့ ရွှေရည်တို့

အိမ်ထောင်ကျပြီး ၁ နှစ်လောက်မှာ Car Accident ဖြစ်သွားတယ်။ အဲ့မှာ ရွှေရည်အောက်ပိုင်းသေသွားတယ်။ ၆ လလောက်ထိ အိပ်ရာထဲက မထနိုင်ဘူး။

အဲ့အချိန်မှာ ရွှေရည်ကို အညစ်အကြေးက အစဘေးမှာ နပ်စ် မခေါ်ပဲ သူတယောက်ထဲ လုပ်ပေးခဲ့တာ။ အဲ့လိုမျိုး သူ့ရဲ့ ဂရုစိုက်မှုတွေ ဒုက္ခိတ တယောက်အပေါ်မှ

ာ စိတ်ဓါတ်မကျပဲ လုပ်ပေးခဲ့တဲ့ သူ့ရဲ့စိတ်ဓါတ်လေးကို လေးစားတယ်။ ပိုပြီးတော့လည်း ချစ်လာတယ်။ ဘာလို့လဲဆိုတော့ ဒုက္ခရောက်မှ တယောက်အကြောင်း တယောက်ပိုသိလာတယ်”

ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဖြစ်သူ နေလကတော့ “ခွင့်လွတ်နားလည်ပေးတာက ဒုတိယအားပဲရှိသေးတယ်။ ကျွန်တော်အိမ်ထောင်စကျတဲ့အချိန်မှာ ကလေးဆန်ပြီး

သူ့အပေါ်မှာ တော်တော်ဆိုးတာ။ အခုချိန်မှာ ပြန်တွေးရင် ငါတော်တော်လွန်ပါလားပေါ့။ အဲ့ချိန်မှာ သူသည်းမခံရင်သွားပြီ။ အဓိကကတော့ ကျွန်တော်တို့မှာ

အချစ်တခုတည်းလည်း မဟုတ်ဘူး။ သံယောဇဉ်ရော သနားတာရော ကြင်နာတာရော အဲ့လိုလေးတွေပေါ့။ တယောက်နဲ့ တယောက်က တိုင်ပင်စရာ ညှိစရာမလိုတော့ဘူး။

ရှာပြီးတော့ ဖြည့်စွက်ပေးနေတာဆိုတော့ ဘယ်သူမှ လာပြီးတော့ တိုက်ခိုက်လို့မရတော့ပါဘူး”

ရွှေရည်သိန်းတန်ကတော့ “ဘယ်မိန်းမမှ အဆိုးတွေကို မလိုချင်ပါဘူး။ ဒါပေမယ့်လူတိုင်းမှာ ဖြစ်လာတဲ့ ကံကြမ္မာတွေ ရှိပါတယ်။ အဲ့ကံကြမ္မာပေါ်မှာပဲ အကောင်းဆုံ

း လျှောက်လှမ်းဖို့ လိုအပ်ပါတယ်။ အမြဲတမ်းကြီးလည်း မကောင်းနေသလို အမြဲတမ်းလည်း ဆိုးနေမှာ မဟုတ်ပါဘူး။ အကောင်းကိုသွားနိုင်တဲ့ သတ္တိရှိရပါမယ်။

အဆိုးဖြစ်လာရင်လည်း အဲ့အဆိုးကို သင်ခန်းစာတခု အဖြစ်ကျော်လွှားနိုင်ဖို့ အကောင်းကို လျှောက်လှမ်းနိုင်ဖို့ မိန်းမတယောက်မှာ

သတ္တိတွေ အများကြီး လိုအပ်ပါတယ်။ ဘာသာရေးလည်း အများကြီးလိုအပ်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

Credit – nanmalgyi

Facebook Comments
4K Shares