💪💪 အပြန်အလှန် သွင်းဂိုးတွေနဲ့ စပါးတက်ခဲ့ပြီး လီဗာပူးလ် ဂိုးပြတ်နိုင်ခဲ့

105

💪💪 အပြန်အလှန် သွင်းဂိုးတွေနဲ့ စပါးတက်ခဲ့ပြီး လီဗာပူးလ် ဂိုးပြတ်နိုင်ခဲ့

မန်စီးတီး ၄-၃ စပါး
( နှစ်ကျော့ပေါင်း ၄-၄ အဝေးဂိုးနဲ့ စပါးတက်)
ပေါ်တို ၁-၄ လီဗာပူးလ်
( နှစ်ကျော့ပေါင်း ၆-၁နဲ့ လီဗာပူးလ်တက်)

အကြိတ်နယ်ရှိခဲ့တဲ့ ပွဲဖြစ်ပြီး စပါးအသင်း ဆီမီးဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး တိုက်စစ်ဆင်ကစားခဲ့တဲ့ ပွဲဖြစ်လို့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို ဘောလုံးပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ပွဲပါ။ ဒီပွဲမှာ VAR ရဲ့ ဆုံးဖြတ်ချက်ကလည်း အရေးပါခဲ့ပြီး စပါးကံကောင်းခဲ့တယ်ဆိုပေမယ့် တန်ပြန်တိုက်စစ်ကို အကောင်းဆုံး ကစားပြီး ဆီမီးတက်ခဲ့တာပါ။

တစ်ပွဲလုံးမှာ စပါးဖက်က တန်ပြန်တိုက်စစ်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့သလို ရတဲ့ အခွင့်အရေးတွေကို အပိုင်သုံးချခဲ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးအတွက် စတာလင်း ၂ဂိုး၊ အဂွဲရိုးနဲ့ ဘင်နာဒို ဆေးလ်ဗား တစ်ဂိုးစီ သွင်းပြီး စပါးအတွက် ဆွန် ၂ဂိုးနဲ့ လော်ရန်တေး တစ်ဂိုးသွင်းခဲ့လို့ မန်စီးတီး ၄-၃ဂိုးနဲ့ နိုင်ပါတယ်။
ပွဲပြီးခါနီး အချိန်ပိုမှာ စတာလင် တစ်ဂိုးထပ်သွင်းခဲ့ပေမယ့် အဂွဲရိုး လူကျွံနေလို့ မန်စီးတီး ကံဆိုခဲ့ရတာပါ။ မန်စီးတီးက ၄-၃ဂိုးနဲ့ နိုင်ခဲ့ပေမယ့် စပါးက အဝေးဂိုးစည်းမျဉ်းနဲ့ အသာရပြီး ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်ပွဲမှာ လီဗာပူးလ်က ပေါ်တိုကို ၄-၁ဂိုးနဲ့ နိုင်ပါတယ်။ လီဗာပူးလ်အတွက် မာနေ၊ ဆာလ၊ ဖာမီနို၊ ဗန်ဒိုက်တို့ တစ်ဂိုးစီ သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ဘာစီလိုနာနဲ့ လီဗာပူးလ်၊ အားယက်စ်နဲ့စပါးတို့ ဆုံတွေ့မှာ ဖြစ်ပါတယ်။

ချန်​ပီယံလိဒ်

Facebook Comments
1 Shares