မင်္ဂလာဦးညမှာ သတို့သမီး မူးနေတုန်း သတို့သားမဟုတ်တဲ့ တစိမ်းလူက ၀င်အိပ်

338

သတို့သား အမှတ်နဲ့ သူစိမ်းတယောက်ကို ညမှောင်မှောင်မှာ အလိုလိုက်ခဲ့တဲ့ သတို့သမီး သတို့သမီး တစ်ဦးဟာ မင်္ဂလာဆောင်တဲ့ ညမှာပဲ အခြား အမျိုးသား တစ်ဦးကို သူမ ခင်ပွန်း ထင်ပြီး အလိုလိုက်ကာ အတူ အိပ်မိခဲ့တဲ့ အဖြစ်အပျက် တစ်ခုကြောင့် ဘဝပျက်လုနီးပါး ခံစားသွားခဲ့ ရပါတယ်။

မင်္ဂလာပွဲ အပြီးမှာ အမူး လွန်ပြီး အိပ်ယာ ဝင်ခဲ့တဲ့ သတို့သမီးကို တစ်ဖက်သတ် ကြိုက်နေတဲ့ အသက် (၁၈) နှစ်အရွယ် ချန်ဆန်း ဆိုသူ လူငယ်က သူမရဲ့ အိပ်ယာထဲသို့ တိတ်တိတ် ဝင်ရောက်ကာ သူမရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ပြီး သားမယား ပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ချန်ဆန်းဟာ အဆိုပါ သတို့သမီးကို တစ်ဖက်သတ် ကြိတ်ကြိုက်နေခဲ့သူ ဖြစ်ပြီး ငွေကြေးဥစ္စာ မပြည့်စုံတာကြောင့် ချစ်ရေးပင် မဆိုဝံ့ခဲ့သူ ဖြစ်ပါတယ်။ သူ့ကြွေနေတဲ့ ကောင် မလေး လက်ထပ်သွားပြီ ဆိုတဲ့အချိန်မှာတော့ ကြံရာမရတော့ပဲ မစားရတဲ့အမဲ သဲနဲ့ပက်သလို လူမဆန်စွာ ကြံစည်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုညက မီးအလွန် မှောင်မဲနေသလို သတို့သမီးကလည်း မူးနေတဲ့အတွက် ဒီအခွင့်ရေး ကို မိမိရရ အသုံးချခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် ဖြစ်ချင်တော့ သားမယား ပြုကျင့်ပြီးနောက် သာယာလွန်းပြီး သတို့သမီးရဲ့ ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

မနက်မိုးလင်းတော့ သတို့သမီးက အိပ်ယာ အရင်နိုးတဲ့ အချိန်မှာ သူ့ဘေးနားက အမျိုး သားဟာ သူမရဲ့ ခင်ပွန်း မဟုတ်ကြောင်း သိသွားပြီး ကြောက်လန့်တကြား အော်ဟစ်ရာမှ ‘ချန်ဆန်း’ ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတို့သမီးရဲ့ ယောက္ခမဘက်က သူမကို ချွေးမအဖြစ် လက်မခံ နိုင်တော့သလို လက်ဖွဲ့တင်ထောင်းထားသည့် မြန်မာငွေ ၁၈ သိန်းကျော် တန်ဖိုး ရှိသော ဗီယက်နမ် ပိုက်ဆံ ပြန်ပေးရန် တောင်းခဲ့သည်။ ဒေသခံ သတင်းများအရ ချန်ဆန်းကို ဗီက်နမ် အက်ဥပဒေ ၂၃၉ မုဒိန်းမှု နှင့် တရားစွဲပြီး ထောင်ဒဏ် (၁၀) နှစ် ကျခံရနိုင်ကြောင်း ရေးသားထားသည်။







Credit

Facebook Comments
226 Shares