ကင္ဆာအက်ိတ္ထင္၍ ေက်ာက္ကပ္ကုိ မွွားထုတ္္ခ႔ဲသည့္ အေမရိကန္ဆရာဝန္မ်ား ေဒၚလာ (၂)သိန္းခြဲေက်ာ္ ဒဏ္ရုိက္ခံရ

432

အေမရိကန္ ဖေလာ္ရီဒါမွ ခြဲစိတ္ဆရာဝန္တစ္ဦးက ကင္ဆာအႀကိတ္ဟုယူဆၿပီး အမ်ိဳးသမီးတစ္ဦး၏ ေက်ာက္ကပ္ကုိ မွားယြင္း ဖယ္ရွားခဲ႔ျခင္းအတြက္ ေဒၚလာ ၃၀၀၀ ဒဏ္ရိုက္ခံရသည္။ ေဒါက္တာရာမြန္ဗဇ္ကြက္ဇ္က ေမာ္ရင္းပါခ်ီကုိဆုိသူ အမ်ဳိးသမီးလူနာ၏ ခြင့္ျပဳခ်က္မပါပဲ ကင္ဆာအက်ိတ္ထင္ျပီး သူမ၏ က်န္းမာေသာေက်ာက္ကပ္ကုိ ခြဲစိတ္ဖယ္ရွားခဲ႔သည္။ ခြဲစိတ္မႈမတုိင္မီ လူနာ၏ ေဆးမွတ္တမ္းကုိ မဖတ္ခဲ့ေၾကာင္း ယုံၾကည္ရသည္။

၂၀၁၆ တြင္ ေဒါက္တာ ရာမြန္က လူနာကုိ မူလခြဲစိတ္ကုသမႈေပးမႈ ႏွစ္ႀကိမ္တုိင္ အေထာက္အကူေပးခဲ႔ရာတြင္ ပုံမွန္မဟုတ္ေသာ တစ္စုံတစ္ခုကုိ ေတြ႔ရွိထားခဲ႔သည္။

ပါခ်ီကုိက သူမ၏ ဝမ္းဗိုက္ထဲသို႔ ေက်ာက္ကပ္မွ တြန္းေနသည့္အသြင္ ခံစားေနရ၍ ေရရွည္ေနမေကာင္း ျဖစ္ခဲ႔ျပီး ေဆးကုသမႈခံယူခဲ႔သည္။ သို႔ေသာ္ ေဒါက္တာ ရာမြန္က ကင္ဆာအက်ိတ္တစ္ခုထင္၍ ကုိယ္တြင္းကလီဆာတစ္ခုျဖစ္ေသာ ေက်ာက္ကပ္တစ္ဖက္ကုိ အမ်ိဳးသမီး၏ သေဘာတူညီခ်က္မပါဘဲ ဖယ္ရွားခဲ့သည္။ သို႔ရာတြင္ ေဒါက္တာရာမြန္၏ ခြဲစိတ္မႈမွာ ေက်ာက္ကပ္ႏွင့္ လုံးဝမသက္ဆိုင္ေသာ ျဖစ္စဥ္အတြက္ ဖယ္ရွားမိခဲ႔ျခင္းျဖစ္ရာ ေအာ္ပေရးရွင္းမတိုင္မီ လူနာ၏ ေဆးဘက္ဆိုင္ရာမွတ္တမ္းမ်ားကုိ ျပန္လည္သုံးသပ္ေလ့လာျခင္း မရွိခဲ႔ေၾကာင္း The Palm Post တြင္ ေရးသားထားသည္။

ဖေလာ္ရီေဆးပညာဒါ ဘုတ္အဖြဲ႕အဆိုအရ အဆိုပါမွားယြင္းလုပ္ေဆာင္ခဲ႔မႈႏွွင့္ ဆက္စပ္၍ ေဒါက္တာရာမြန္က ဒဏ္ေငြေဒၚလာ ၃၀၀၀ ေပးေဆာင္ရန္ သေဘာတူခဲ႔ သည္ဟု ထုတ္ျပန္ခဲ႔သည္။ ထုိ႔ျပင္သူအလုပ္လုပ္ရာ ေဆး႐ုံမွ ဝန္ထမ္းမ်ားကုိလည္း မွားယြင္းခြဲစိတ္ခဲ႔မႈအေၾကာင္း တစ္နာရီၾကာ ျပန္လည္ရွင္းျပခဲ႔ရသည္။ ေအာ္ပေရးရွင္းမ်ား မတိုင္မီလူနာႏွင့္ပတ္သက္၍ အကဲျဖတ္ရန္ သုံးနာရီေလ့က်င့္ေရးသင္တန္းတက္ေရာက္ရန္ႏွင့္ သူပုိင္ေငြေၾကးမ်ားထဲမွ ေဒၚလာ ၄၈၀၀ ထပ္မံ ေပးေဆာင္ရမည္ျဖစ္သည္။

အဆုိပါေအာ္ပေရးရွင္းကုိ အဓိကဦးေဆာင္သူ ခြဲစိတ္ဆရာဝန္ႀကီး ေဒါက္တာဂြၽန္ဘရစ္ႏွင့္ ေဒါက္တာဂ်က္ဖရီ ကက္လာတုိ႔ကုိလည္း ဒဏ္ေၾကး ေဒၚလာ ၂၅၀၀၀၀ စီ ေပးေဆာင္ရန္ ေဆးပညာဘုတ္အဖြဲ႔ြဲ႔က ဆုံးျဖတ္ခဲ႔သည္။

ယခုျဖစ္စဥ္မွာ ခြဲစိတ္ကုသစဥ္အတြင္းမွားယြင္း၍ ကိုယ္တြင္းကလီစာမ်ားကုိ ဖယ္ရွားခဲ႔ေသာ ဆရာဝန္တစ္ဦးအေနျဖင့္ ပထမဦးဆုံး ျဖစ္ရပ္မဟုတ္ေပ။

ခြဲစိတ္ကုသမႈတစ္ခုအတြင္း လူနာတစ္ဦးထံမွ သားအိမ္ကုိ မွားယြင္းဖယ္ရွားျခင္းအေပၚ ၂၀၁၃ ခုႏွစ္အတြင္း ေမရီလန္းျပည္နယ္တြင္ တရားစြဲဆိုခဲ႔ရာ ေဒၚလာ ၁.၄
၂ သန္း ဒဏ္ရိုက္ခဲ့သည္။ ၂၀၁၃ တြင္လည္း အူမႀကီးခြဲစိတ္မႈတစ္ခုအတြင္း လူနာတစ္ဦး၏ က်န္းမာေနေသာ ေက်ာက္ကပ္ကို ဖယ္ရွားၿပီးေနာက္ ခြဲစိတ္ခဲ႔သူ ဆရာဝန္၏ ေဆးကုသခြင့္လိုင္စင္ ရုပ္သိမ္းခံခဲ့ရသည္။ ၂၀၁၆ ခုႏွစ္တြင္ ဒါကိုတာေတာင္ပုိင္းမွ ဆရာဝန္တစ္ဦးက အိုင္အိုဝါအမ်ိဳးသမီးတစ္ဦး၏ ေက်ာက္ကပ္ကုိ မွားယြင္းဖယ္ရွားခဲ႔မႈ ျဖစ္ခဲ႔သည္ဟု Fox News ကေဖာ္ျပခဲ့သည္။

By – KSM / MUNA
Ref ; The Insider News

(Unicode)

ဖလော်ရီဒါ၊ ဇန်နဝါရီ (၁၆)

အမေရိကန် ဖလော်ရီဒါမှ ခွဲစိတ်ဆရာဝန်တစ်ဦးက ကင်ဆာအကြိတ်ဟုယူဆပြီး အမျိုးသမီးတစ်ဦး၏ ကျောက်ကပ်ကို မှားယွင်း ဖယ်ရှားခဲ့ခြင်းအတွက် ဒေါ်လာ ၃၀၀၀ ဒဏ်ရိုက်ခံရသည်။ ဒေါက်တာရာမွန်ဗဇ်ကွက်ဇ်က မော်ရင်းပါချီကိုဆိုသူ အမျိုးသမီးလူနာ၏ ခွင့်ပြုချက်မပါပဲ ကင်ဆာအကျိတ်ထင်ပြီး သူမ၏ ကျန်းမာသောကျောက်ကပ်ကို ခွဲစိတ်ဖယ်ရှားခဲ့သည်။ ခွဲစိတ်မှုမတိုင်မီ လူနာ၏ ဆေးမှတ်တမ်းကို မဖတ်ခဲ့ကြောင်း ယုံကြည်ရသည်။

၂၀၁၆ တွင် ဒေါက်တာ ရာမွန်က လူနာကို မူလခွဲစိတ်ကုသမှုပေးမှု နှစ်ကြိမ်တိုင် အထောက်အကူပေးခဲ့ရာတွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ခုကို တွေ့ရှိထားခဲ့သည်။

ပါချီကိုက သူမ၏ ဝမ်းဗိုက်ထဲသို့ ကျောက်ကပ်မှ တွန်းနေသည့်အသွင် ခံစားနေရ၍ ရေရှည်နေမကောင်း ဖြစ်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့သည်။ သို့သော် ဒေါက်တာ ရာမွန်က ကင်ဆာအကျိတ်တစ်ခုထင်၍ ကိုယ်တွင်းကလီဆာတစ်ခုဖြစ်သော ကျောက်ကပ်တစ်ဖက်ကို အမျိုးသမီး၏ သဘောတူညီချက်မပါဘဲ ဖယ်ရှားခဲ့သည်။ သို့ရာတွင် ဒေါက်တာရာမွန်၏ ခွဲစိတ်မှုမှာ ကျောက်ကပ်နှင့် လုံးဝမသက်ဆိုင်သော ဖြစ်စဉ်အတွက် ဖယ်ရှားမိခဲ့ခြင်းဖြစ်ရာ အော်ပရေးရှင်းမတိုင်မီ လူနာ၏ ဆေးဘက်ဆိုင်ရာမှတ်တမ်းများကို ပြန်လည်သုံးသပ်လေ့လာခြင်း မရှိခဲ့ကြောင်း The Palm Post တွင် ရေးသားထားသည်။

ဖလော်ရီဆေးပညာဒါ ဘုတ်အဖွဲ့အဆိုအရ အဆိုပါမှားယွင်းလုပ်ဆောင်ခဲ့မှုနှှင့် ဆက်စပ်၍ ဒေါက်တာရာမွန်က ဒဏ်ငွေဒေါ်လာ ၃၀၀၀ ပေးဆောင်ရန် သဘောတူခဲ့ သည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင်သူအလုပ်လုပ်ရာ ဆေးရုံမှ ဝန်ထမ်းများကိုလည်း မှားယွင်းခွဲစိတ်ခဲ့မှုအကြောင်း တစ်နာရီကြာ ပြန်လည်ရှင်းပြခဲ့ရသည်။ အော်ပရေးရှင်းများ မတိုင်မီလူနာနှင့်ပတ်သက်၍ အကဲဖြတ်ရန် သုံးနာရီလေ့ကျင့်ရေးသင်တန်းတက်ရောက်ရန်နှင့် သူပိုင်ငွေကြေးများထဲမှ ဒေါ်လာ ၄၈၀၀ ထပ်မံ ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါအော်ပရေးရှင်းကို အဓိကဦးဆောင်သူ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဂျွန်ဘရစ်နှင့် ဒေါက်တာဂျက်ဖရီ ကက်လာတို့ကိုလည်း ဒဏ်ကြေး ဒေါ်လာ ၂၅၀၀၀၀ စီ ပေးဆောင်ရန် ဆေးပညာဘုတ်အဖွဲ့ွဲ့က ဆုံးဖြတ်ခဲ့သည်။

ယခုဖြစ်စဉ်မှာ ခွဲစိတ်ကုသစဉ်အတွင်းမှားယွင်း၍ ကိုယ်တွင်းကလီစာများကို ဖယ်ရှားခဲ့သော ဆရာဝန်တစ်ဦးအနေဖြင့် ပထမဦးဆုံး ဖြစ်ရပ်မဟုတ်ပေ။

ခွဲစိတ်ကုသမှုတစ်ခုအတွင်း လူနာတစ်ဦးထံမှ သားအိမ်ကို မှားယွင်းဖယ်ရှားခြင်းအပေါ် ၂၀၁၃ ခုနှစ်အတွင်း မေရီလန်းပြည်နယ်တွင် တရားစွဲဆိုခဲ့ရာ ဒေါ်လာ ၁.၄
၂ သန်း ဒဏ်ရိုက်ခဲ့သည်။ ၂၀၁၃ တွင်လည်း အူမကြီးခွဲစိတ်မှုတစ်ခုအတွင်း လူနာတစ်ဦး၏ ကျန်းမာနေသော ကျောက်ကပ်ကို ဖယ်ရှားပြီးနောက် ခွဲစိတ်ခဲ့သူ ဆရာဝန်၏ ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ဒါကိုတာတောင်ပိုင်းမှ ဆရာဝန်တစ်ဦးက အိုင်အိုဝါအမျိုးသမီးတစ်ဦး၏ ကျောက်ကပ်ကို မှားယွင်းဖယ်ရှားခဲ့မှု ဖြစ်ခဲ့သည်ဟု Fox News ကဖော်ပြခဲ့သည်။

By – KSM / MUNA
Ref ; The Insider News

Facebook Comments
1K Shares